လှိုင်သာယာမြိုနယ် ဖွံဖြိုးတိုးတက်ရေးအတွက် မြိုပြစီမံကိန်းတစ်ရပ်ကို စနစ်တကျ ရေးဆွဲဆောင်ရွက်သွားဖို လိုတယ် လို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။မေ ၃၁ ရက်၊ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိင်သာယာမြိုနယ် မြိုပြဖွံဖြိုးတိုးတက်ရေး အကောင်အထည် ဖော် ဆောင်ရွက်နေမှု အခြေအနေတွေ နဲ့ပတ်သက်ပြီး သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့တာပါ။

လှိုင်သာယာမြိုနယ်မှာ ရေစီးရေလာကောင်းမွန်ရေးဟာ အဓိက ဖြေရှင်းဆောင်ရွက်ပေးရမယ့် ကိစ္စတစ်ခု ဖြစ်လို အလေးထား ဆောင်ရွက်သွားဖို လိုတယ်လို ဆိုပါတယ်။မြိုသာယာလှပရေးအတွက် ရေနုတ်မြောင်းတွေအတွင်း ရေစီးရေလာကောင်းမွန်ရမှာ ဖြစ်သလို နေထိုင်ကြသူတွေ အနေနဲ့လည်း စည်းကမ်းတကျ နေထိုင်တာ အမှိက်စွန့်ပစ်တာတွေကို ဆောင်ရွက်ကြဖို လိုတယ်လိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ရန်ကုန်-ပုသိမ် လမ်းနဲ့ ညောင်တုန်းလမ်းတိုဟာ လမ်းမကြီးတွေ ဖြစ်တဲ့အတွက် ပြည်သူတွေ စနစ်တကျ သွားရောက် နိုင်ရေး လူသွားစင်္ကြံတွေကို အဆင့်မီမီ ဆောင်ရွက်သွားဖိုလိုပြီး လူကူးတံတားတွေ တည်ဆောက်ရာမှာလည်း သတ်မှတ် ချက်တွေ နဲ့ အညီ ဆောက်လုပ်သွားဖို လိုတယ်လိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် လှိုင်သာယာမြိုနယ်အတွင်းရှိ စက်ရုံအလုပ်ရုံတွေမှာ နယ်မြေဒေသပေါင်းစုံကနေ လာရောက်အလုပ်လုပ်ကိုင် ကြသူတွေရဲ့ နေထိုင်မှု လုံခြုံရေး၊ စားရေးအတွက် လိုအပ်တဲ့ အစားအသောက်တွေကိုလည်း သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ် ယူရရှိရေးတိုကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးဖို လိုတယ်လိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က မှာကြားခဲ့ပါတယ်။