ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေကို ယာယီနေရပ်စွန့်ခွာသူတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ များပြား လာတာကြောင့် ရန်ကုန်တိုက်ခန်းငှားရမ်းခတွေဟာ အရင်ထက် စျေးနှုန်းမြင့်တက်လာတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးသိန်းလွင်က ပြောပါတယ်၊၊

တိုက်ခန်းအငှားအနေနဲ့ တာမွေ၊ စမ်းချောင်း၊ လှိုင် စတဲ့ မြို့နယ်တွေနဲ့ ရန်ကုန်မြို့လယ် ဧရိယာတွေမှာ ကျပ် ၃ သိန်း ဝန်းကျင်ကနေ ကျပ် ၁၀ သိန်းဝန်းကျင်အထိရှိနေပြီး ရွှေပြည်သာ၊ လှိုင်သာယာ၊ အရှေ့ဒဂုံနဲ့ တောင်ဒဂုံ စတဲ့ မြို့နယ်တွေမှာတော့ နေရာအကျယ်အဝန်းပေါ်မူတည်ပြီး အနိမ့်ဆုံး ကျပ် ၂ သိန်းဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်၊၊

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ တိုက်ခန်း၊ ကွန်ဒိုငှားရမ်းခက အနိမ့်ဆုံးကျပ် ၃ သိန်း ဝန်းကျင် ပေါက်စျေးရှိနေပြီး စျေးနှုန်းမြင့်တက်လာတယ်တယ်လို့ ဦးသိန်းလွင်က ပြောပါတယ်၊၊ ဒါ့အပြင် ရန်ကုန်တိုင်ဒေသကြီးအတွင်းမှာတာ့ အိမ်ခြံမြေစျေးကွက်မှာ အရောင်းအဝယ် အေးနေပြီး အိမ်အငှား စျေးကွက်က ပိုပြီးအရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်၊၊