မကွေးမြို့ပေါ်မှာ အိမ်အငှား၊ ကုမ္ပဏီ၊ ဆိုင်ခန်း၊ စားသောက်ဆိုင်၊ ဝပ်ရှော့ လုပ်ငန်းတွေအတွက် နေရာငှားရမ်းမှု တွေ များလာပြီး ဈေးမြင်တက်လာတယ်လို့ မကွေးမြို့က အိမ်ခြံမြေ ဝယ်ရောင်းငှား အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

မကွေးမြို့ပေါ် လမ်းမကြီးတွေမှာ ကုမ္ပဏီ၊ ဈေးဆိုင်ခန်း၊ ဝပ်ရှော့၊ စားသောက်ဆိုင်တွေအတွက် ငှားရမ်းခ ကျပ် ငါးသိန်းကနေ ၁၅ သိန်းအထိ ပေါက်ဈေးရှိနေပြီး ငှားရမ်းမှု သွက်နေပါတယ်။ လူနေအိမ်ငှားရမ်းမှုတွေအနေနဲ့ ကတော့ အခန်းအမျိုးအစားပေါ် မူတည်ပြီး ကျပ်တစ်သိန်းခွဲကနေ ငါးသိန်းအထိ ရှိနေပါတယ်။မကွေးမြို့ပေါ်မှာတော့ ဈေးအနီး ကျောင်းအနီးနေရာတွေမှာ ငှားရမ်းမှု အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(မကွေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးကျော်မျိုးသူက ပြောပါတယ်။

ယာယီနေရပ်စွန့်ခွာပြည်သူတွေ၊ အနီးပတ်ဝန်းကျင်ကျေးရွာတွေနဲ့ အခြားမြို့ရွာတွေကနေ စီးပွားရေးလာရောက် လုပ်ကိုင်သူတွေကြောင့် မကွေးမြို့ အိမ်အငှားဈေးကွက် သွက်နေပြီး ဈေးတက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။မကွေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာလည်း အရင်ကထက် ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။