ပို့ကုန်သွင်းကုန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ GROWTH WEALTH TRADING LIMITED ကို ၂၀၂၅ -၂၀၂၆ ဘဏ္ဍာ နှစ် ၁ နှစ်အတွက် အမည်ပျက်စာရင်း ထည့်သွင်းသတ်မှတ်လိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။အဲဒီကုမ္ပဏီဟာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လျှောက်ထားချိန်က တင်ပြခဲ့တဲ့ ကုမ္ပဏီရုံးခန်း လိပ်စာကို မမှန်မကန် ဖော်ပြခဲ့တာ စိစစ်တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုမ္ပဏီကို အမည်ပျက်စာရင်း ရေးသွင်းဖို့ ပေးပို့ လာတာကြောင့် ခုလို ၁ နှစ် အမည်ပျက်စာရင်းထည့်သွင်း သတ်မှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း အဲဒီကုမ္ပဏီကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ပယ်ဖျက်အရေးယူသွားမယ်လို့ သိရပါတယ်။အွန်လိုင်းမှတ်ပုံတင်စနစ်မှာ ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပြဋ္ဌာန်းချက်တွေကို လေးစားလိုက်နာရမယ့်အပြင် မိမိတို့လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ တခြားတည်ဆဲဥပဒေနဲ့ နည်းဥပဒေတွေကို မလိုက်နာရင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ မှတ်ပုံတင် အရာရှိက အများပြည်သူ သိရှိအောင် ကြေညာသွားမယ်လို့ အသိပေးထားပါတယ်။