ငလျင်ဘေးသင့် ပြည်သူတွေအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို နေ ပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းမှာ မေလ(၁၃)ရက်က ဆက်လက်ရောင်းချပေးခဲ့ပြီး ဒေ သခံပြည်သူ အများအပြား လာရောက်ဝယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။

ရောင်းချပေးရာမှာတော့ ဘိလပ်မြေထုတ်လုပ်သူများအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များ အသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း အရောင်းပြခန်း၊ အိမ်ဆောက်လုပ်ရေးနဲ့အိမ်အသုံး အဆောင်ပစ္စည်းအမျိုးမျိုး အရောင်းပြခန်း၊ နိုင်ငံတကာမှ အရည်အသွေးမြင့် မီးဖိုချောင်သုံးပစ္စည်းနဲ့ အိမ်အသုံး အဆောင်ပစ္စည်း အရောင်းပြခန်း၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံး ဆောက်လုပ်ရေးနဲ့ အိမ်အသုံး အဆောင်ပစ္စည်း အရောင်းစင်တာ၊ သံထည်နဲ့စတီးတွေ အရောင်းပြခန်း၊ ပရိဘောဂ အရောင်းပြခန်း၊ အိမ်သုတ် ဆေး အရောင်းပြခန်း၊ လုပ်ငန်းသုံး မီးစက်အသေးနဲ့အကြီး အရောင်းပြခန်း၊ ဆိုလာပြားနဲ့ ဆက်စပ်ပစ္စည်း အရောင်းပြခန်းတွေမှာ လာရောက် လေ့လာဝယ်ယူသူ များပြားခဲ့တယ်လို့လည်း သိရပါတယ်။

ဈေးရောင်းပွဲတော်ကိုတော့ မေ ၁၂ ရက်ကနေ ၁၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ ၆၁ ခုက ပြခန်းပေါင်း ၇၄ ခန်းနဲ့ ပြသရောင်းချနေတာပါ။ အခုလို ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးရောင်းပွဲတော်ကို နေပြည်တော်မှာ ပထမဆုံးအကြိမ် ပြသရောင်းချတာဖြစ်ပြီး စစ်ကိုင်းမြို့မှာလည်း မေ ၁၂ ရက်ကစပြီး အိမ်ဆောက်ပစ္စည်း ဈေးရောင်းပွဲတော် ကျင်းပနေတယ်လို့ သိရပါတယ်။