မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး ကဏ္ဍအပါအဝင် နယ်ပယ်စုံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ဆောင်ရွက်ဖို့ ရည် ရွယ်ထားတယ်လို့ ချုံချင့်မြူနီစီပယ် အစိုးရ ဒုတိယမြို့တော်ဝန် မစ္စတာ ကျန်းတွမ်ထောင်က ပြောပါတယ်။ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ချုံချင့်မြူနီစီပယ် အစိုးရ ဒုတိယမြို့တော်ဝန်နဲ့ တွေ့ဆုံ ဆွေး နွေးခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံ မြို့ပြဖွံ့ဖြိုးရေးကဏ္ဍ၊ လမ်းနဲ့တံတားတည်ဆောက်ရေးဆိုင်ရာ ခေတ်မီနည်းပညာတွေ ဖလှယ်တာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောပါတယ်။မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ချုံချင့်မြူနီစီပယ် အစိုးရအနေနဲ့ ဆောက်လုပ်ရေးကဏ္ဍအပါ အဝင် နယ်ပယ်စုံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ဆောင်ရွက်ဖို့ ရည်ရွယ်ထားပြီး တရုတ်နိုင်ငံက ဆောက်လုပ် ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေ၊ နည်းပညာကုမ္ပဏီကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးစေလိုတယ်လို့ ဒုတိယမြို့တော်ဝန် မစ္စတာ ကျန်းတွမ်ထောင်က ပြောပါတယ်။

ချုံချင့်မြို့က ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူ ဖြစ်စေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က ပြောပါတယ်။ အခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ၉ လအတွင်း ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI)ပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တဲ့ နိုင်ငံတွေထဲမှာ တော့ တရုတ်နိုင်ငံက ဒုတိယအများဆုံး ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။