ထိုင်းနိုင်ငံမှာ အစည်ကားဆုံးဆုန်ခရမ် သင်္ကြန်ပွဲတော်ကို ကျင်းပဖို ပြင်ဆင်နေချိန် ပတ္တရားမြိုမှာ ဟိုတယ် ကြိုတင်ငှားရမ်းမှုဟာ အရင်နှစ်တွေကထက် ကျဆင်းနေတာနဲ့ ကြုံတွေ့နေရတယ်လို Thaiger သတင်းမှာ ရေးသားထားပါတယ်။

ခရီးသွားကဏ္ဍအတွက် စီးပွားရေး အလားအလာ ကျဆင်းနေချိန်ဖြစ်တာ၊ နိုင်ငံခြားခရီးသွားအသုံးစရိတ် လျှော့ချတာနဲ့ ငလျင်လှုပ်ခတ်မှုအပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုတွေ ကြုံတွေ့နေရတာကြောင့် အခုလို ပတ္တရားမှာ ခရီးသွားလုပ်ငန်း ကျဆင်းလာတာလို ဆိုပါတယ်။ပတ္တရားကို နေ့စဉ် နိုင်ငံတကာခရီးသွားဦးရေ ၅ သိန်းကျော် ဝင်ရောက်နေတာဖြစ်ပြီး ကြယ် ၄ ပွင့် အဆင့်ရှိ ဟိုတယ်တွေမှာလည်း ခရီးသွားတွေနဲ့ပြည့်ကြပ်နေတာဖြစ်ပါတယ်။ Wan Lai Pattaya ဆိုရင် အမြဲတမ်း ခရီးသွားတွေနဲ့ ပြည့်ကြပ်နေတာဖြစ်ပြီး ခရီးသွားလုပ်ငန်းကဏ္ဍကနေ ဝင်ငွေ ဘတ်ဘီလီယံနဲ့ချီ ရရှိနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်း ထိခိုက်ပျက်စီးခဲ့တာရဲ့ အကျိုးဆက်အနေနဲ့ ခရီးသွားဝင်ရောက်မှု ကျဆင်းခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ခရီးသွားလာမှုအများဆုံး ရေပန်းအစားဆုံးနေရာတွေဖြစ်တဲ့ ချင်းမိုင်နဲ့ ဘန်ကောက်မြိုတွေမှာလည်း ငလျင်ကြောင့် ခရီးသွားဝင်ရောက်မှုကျဆင်းပြီး ဟိုတယ် ကြိုတင်ငှားရမ်းမှုတွေကလည်း ၆၇ နဲ့ ၃၁ ရာခိုင်နှုန်း အသီးသီး ကျဆင်းနေတယ်လို သိရပါတယ်။