မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမှတ်(၃၆) အကြီးစားစက်ရုံ(ကျောက်ဆည်)ကနေ တစ်ရက်ကို ဘိလပ်မြေ တန် ၅၀၀၀ အမြန်ဆုံးထွက်ရှိနိုင်ရေး ဆောင်ရွက်သွားမယ်လို့ စက်မှုဝန်ကြီးဌာနက သိရပါတယ်၊၊

စက်ရုံအနေနဲ့ အခု ဇွန်လ ၁၂ ရက်က မီးသင်းဖိုနဲ့ ဘိလပ်မြေကြိတ် စက်ရုံတွေကို လည်ပတ်ထုတ်လုပ်နိုင်ခဲ့ပြီး တစ်ရက်ကို ဘိလပ်မြေ တန် ၂၀၀၀ စတင်ထွက်ရှိနေပြီ ဖြစ်ပေမဲ့ သတ်မှတ်စက်စွမ်းအားဖြစ်တဲ့ တစ်ရက်ကို ဘိလပ်မြေ တန် ၅၀၀၀ အမြန်ဆုံးထွက်ရှိနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်၊၊အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)အနေနဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ လူနေအဆောက်အဦ တွေ၊ လမ်းတံတားတွေ၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့ သာသနိကအဆောက်အအုံတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ ဘိလပ်မြေတွေ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်စွမ်းအားပြည့် လည်ပတ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်၊၊

ဒါ့အပြင် အမှတ်(၇) အထည်စက်ရုံ(မြစ်သား)မှာလည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အဦတွေကို ပြုပြင်နေပြီး ချည်မျှင်တွေ ထုတ်လုပ်နေကာ စက်ရုံအနေနဲ့ အခုဘဏ္ဍာနှစ်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လျာထားတယ်လို့ သိရပါတယ်၊၊လျာထား ချက်တွေ ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးအတွက် စက်ရုံအမြန်လည်ပတ်နိုင်ရေး ပြန်လည်ဆောင် ရွက် သွားမှာဖြစ်ပြီး စက်ရုံမလည်ပတ်မီ စက်ရုံမှာတပ်ဆင်ထားတဲ့ စက်ပစ္စည်းကိရိယာတွေကို ကျွမ်းကျင်ပညာရှင်တွေ နဲ့ စစ်ဆေးပြီးမှသာ စက်ရုံလည်ပတ်တဲ့လုပ်ငန်းတွေကို စတင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊