မကွေးမြို့မှာ အိမ်ငှားနေထိုင်သူတွေ များလာတဲ့အတွက် အိမ်ငှားစျေးကွက်မှာ ဈေးမြင့်တက်နေတယ်လို့ မကွေး တိုင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးကျော်မျိုးသူက ပြောပါတယ်။ မကွေးမြို့ပေါ်မှာ တခြားအရပ်ဒေသ ကနေ လာရောက်ငှားရမ်းနေထိုင်တာတွေရှိသလို စီးပွားရေးလုပ်ဖို့ ငှားရမ်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မကွေးမြို့မှာ ငှားရမ်းနေထိုင်မှု များတာကတော့ ဈေးနဲ့ ကျောင်းနဲ့ နီးတဲ့ ရပ်ကွက်တွေနဲ့ တိုးချဲ့ ရပ်ကွက်တွေမှာ ဖြစ်တယ်လို့ ဦးကျော်မျိုးသူက ပြောပါတယ်။ လက်ရှိကာလမှာ မကွေးမြို့ကို အနယ်နယ်အရပ်ရပ်က ယာယီ နေရပ်စွန့်ခွာ လာသူတွေထဲမှာ အိမ်ခြံမြေ ဝယ်ယူနေထိုင်သူတွေရှိပေမဲ့ အိမ်ငှားနေထိုင်သူတွေက ပိုများတယ်လို့ ဆိုပါတယ်။

မကွေးအိမ်အငှားစျေးကွက်အနေနဲ့ မြို့ပေါ်ရပ်ကွက်တွေဆိုရင် ကျပ် ၃ သိန်းနဲ့အထက်၊ စီးပွားရေးလုပ်ငန်း လုပ်မယ်ဆိုရင် ကျပ် ၅ သိန်းနဲ့အထက် ရှိနေပြီး တိုးချဲ့ရပ်ကွက်တွေမှာတော့ ကျပ် ၁ သိန်းခွဲကနေ ၂ သိန်းသာ ရှိ တယ်လို့ သိရပါတယ်။