ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနဲ့ Secretariat Yangon တို့ ပူးပေါင်းကျင်းပတဲ့ ပြည်ထောင်စုနေ့အကြို ပြည်တွင်း MSME လုပ်ငန်းတွေ မြှင့်တင်ရေး စျေးရောင်းပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှာ ရန်ကုန်မြို့ ဝန်ကြီးများ ရုံးမှာ ကျင်းပသွားမယ်လို့ သိရပါတယ်၊၊
စျေးရောင်းပွဲတော်ကိုတော့ ဇန်နဝါရီလ ၂၅ ရက်ကနေ ၂၇ ရက်အထိ ၃ ရက်တိုင်တိုင် မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊ပွဲတော်မှာတော့ တိုင်းရင်းသားရိုးရာ အစားအစာတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ အဝတ်အထည်နဲ့ စားသောက်ကုန် ပစ္စည်းတွေ စတဲ့ ဆိုင်ခန်းပေါင်း ၇၈ ခန်းက ပါဝင်ပြသရောင်းချသွားမှာ ဖြစ်ပါတယ်၊၊
ဗမာတိုင်းရင်းသား လုပ်ငန်း ရှင်များအသင်းအနေနဲ့ လက်ရှိမှာ အသင်းဝင် ၂၀၀ ခန့်ရှိပြီး MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခုလို အရောင်းမြှင့်တင်ရေး စျေးရောင်းပွဲတော်တွေကို ကျင်းပရတာဖြစ်တယ်လို့ သိရပါတယ်၊၊