ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဒုတိယနေ့ရဲ့ လုပ်ငန်း၊ စီးပွား ချိတ်ဆက်မှုပြခန်းမှာ MSME လုပ်ငန်းရှင်တွေကို ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိဖို့၊ ရင်းနှီးမြှုပ်နှံ မတည်ငွေ ရရှိနိုင်ဖို့နဲ့ ဆက်စပ်ဝန်ကြီးဌာန တွေရဲ့ One Stop Service တွေကို ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြည်တွင်းဈေးကွက် ချိတ်ဆက်မှုနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့က MSME လုပ်ငန်းရှင် (၂၉)ယောက်ရဲ့ ထုတ်ကုန်တွေကို လက်လီလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ပြည်ပ ဈေးကွက် ချိတ်ဆက်ပေးမှုအနေနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက MSME စီးပွားရေးလုပ်ငန်းရှင်(၈)ယောက်နဲ့ စီးပွားရေး သံမှူး (၁၆)ယောက်တို့ဟာ ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စီးပွားရေး သံမှူးတွေနဲ့ ချိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံ မတည်ငွေ ချိတ်ဆက်မှုအနေနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ကရင် ပြည်နယ်တွေက MSME လုပ်ငန်းရှင် (၁၈)ယောက်အတွက် မြန်မာ့စီးပွားရေးဘဏ် MEB ၊ မြန်မာနိုင်ငံသားများ ဘဏ် MCP ၊ AYA Bank နဲ့ Shwe Bank စတဲ့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံ မတည်ငွေ ရရှိနိုင်ဖို့ ချိတ်ဆက် ပေခဲ့တယ်လို့ သိရပါတယ်။