နိုင်ငံတော်ကထုတ်ချေးပေးနေတဲ့ MSMEချေးငွေတွေကို MSMEလုပ်ငန်းတွေမှာပဲ မှန်မှန်ကန်ကန်ရင်းနှီးမြှုပ်နှံကြဖို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောပါတယ်။ဇန်နဝါရီ၁၈ရက်မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှာရှိတဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ၊ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ဒေါက်တာချာလီသန်းက အခုလိုပြောကြားခဲ့တာပါ။

နိုင်ငံတော်အနေနဲ့ MSMEတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး လုပ်ငန်းရှင်တွေကို ချေးငွေတွေ ထုတ်ချေးပေးနေသလို ချေးငွေရရှိပြီးတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ MSMEလုပ်ငန်းတွေမှာပဲ မှန်မှန်ကန်ကန်ရင်းနှီးမြှုပ်နှံကြစေလိုတယ်လို့ ဒေါက်တာချာလီသန်းက ပြောပါတယ်။
MSMEထုတ်ကုန်ပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ အလားအလာကောင်းတဲ့ နယ်ပယ်တွေနဲ့ ဒေသတွေမှာ အရင်းအနှီးလိုအပ်ရင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထဲကနေ အရင်းအနှီးထပ်မံထုတ်ချေးပေးသွားဦးမယ်လို့လည်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ၁၇ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ပစည်းအဝေးမှာ ပြောကြားထားပါတယ်။