ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာရှထိပ်တန်းကုန်စည်ပြပွဲ THAIFEX – HOREC ASIA 2025 ကျင်းပနေပါတယ်။ ဒီပြပွဲဟာ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ပြပွဲဖြစ်ပြီး ပြပွဲကို မတ်လ ၅ ရက်ကနေ ၇ ရက်အထိ ကျင်းပသွား မှာဖြစ်ပါတယ်။

ပြပွဲကို ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန(DITP)၊ ထိုင်းကုန်သည်ကြီးများအသင်း(TCC)နဲ့ ဂျာမနီနိုင်ငံက Koelnmesse(KM)တို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။ ပြပွဲမှာ နိုင်ငံပေါင်း ၂၅ နိုင်ငံက ကုမ္ပဏီပေါင်း ၄၆၀ ပါဝင်ပြသနေတာဖြစ်ပါတယ်။

THAIFEX–HOREC ASIA 2025 မှာ မုန့်ဖုတ်လုပ်ငန်းနဲ့ရေခဲမုန့်၊ ကော်ဖီနဲ့ဘား၊ ပရိဘောဂနဲ့ မီးဖိုချောင်သုံးပစ္စည်း တွေ၊ အဝတ်လျှော်စက်ပစ္စည်းတွေ ပြသထားပြီး ပြပွဲရက်တွေအတွင်း ကျွမ်းကျင်သူတွေဦးဆောင်တဲ့ ဆွေးနွေးပွဲ တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပြိုင်ပွဲတွေနဲ့ ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ အခွင့်အလမ်း အစုံအလင် ပါ၀င်တဲ့ အစီအစဉ်တွေအပြင် တိုက်ရိုက်ချက်ပြုတ် သရုပ်ပြတာတွေလည်း ပါဝင်ပါတယ်။ဒီပြပွဲကို လာရောက်ကြည့်ရှုသူ နှစ်သောင်းကျော်ရှိမယ်လို့ မျှော်မှန်းထားပြီး အဲဒီပြပွဲကနေ ကုန်သွယ်မှုတန်ဖိုး အနည်းဆုံး ဘတ် ၄ ဘီလီယံ ကျော်ရရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။