OpenAI နဲ့ Microsoft တို့ပူးပေါင်းပြီး ကုမ္ပဏီရန်ပုံငွေ ပိုမိုဖြည့်တင်းဖို့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးနေကြတယ်လို့ Investing.com မှာ ရေးသားပါရှိပါတယ်။ ဒီလို ထပ်တိုးမြှုပ်နှံမှုကနေ ကုမ္ပဏီရဲ့နှစ်စဉ်ဝင်ငွေ ပိုမိုတိုးမြှင့်လာမယ့်အပြင် ရင်းနှီးမြှုပ်နှံသူတွေလည်း ပိုမိုဝင်ရောက်လာမယ်လို့ ခန့်မှန်း ထားပါတယ်။

ကုမ္ပဏီနှစ်ခုအကြား ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စည်းကမ်းချက် တွေကို ပြန်လည်ရေးသားနေကြပြီး ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးနှစ်ခုအတွက် နောက်ဆုံးပေါ် AI မော်ဒယ်တွေ ပိုမိုထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။Microsoft ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက OpenAI မှာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကနဦး ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး အခု ထပ်တိုးရင်းနှီးမြှုပ်နှံဖို့ စာချုပ်ချုပ်ဆိုတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။OpenAI အကျိုးအမြတ်အတွက် Microsoft ထပ်တိုးရင်းနှီးမြှုပ်နှံမှာဖြစ်သလို ကုမ္ပဏီနှစ်ခုအကြား တီထွင် ဖန်တီးထုတ်လုပ်ထားတဲ့ နည်းပညာအသစ်တွေ ဖလှယ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။