Nvidia ဟာ ၂၀၂၅ ခုနှစ်ကစပြီး တစ်နှစ်ကို သူ့ရဲ့ အဆင့်မြင့်အေအိုင်ချစ်ပ် ငါးသိန်းနီးပါး အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)ကို တင်ပို့ခွင့်ပြုရေးအတွက် အမေရိကန်နဲ့ယူအေအီးအကြား ကနဦး သဘောတူညီချက် ရထားပြီဖြစ်တယ်လို့ MalayMail သတင်းမှာ ဖော်ပြထားပါတယ်။

သဘောတူညီချက်မူကြမ်းအရ ချစ်ပ် ၂၀ ရာခိုင်နှုန်းကို ယူအေအီးနည်းပညာကုမ္ပဏီဖြစ်တဲ့ G42 ကို တင်ပို့သွားမှာ ဖြစ်ပြီး ကျန်တဲ့ချစ်ပ်တွေကိုတော့ အေအိုင်အော်ပရေးရှင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတဲ့ ယူအက်စ် ကုမ္ပဏီတွေဖြစ်တဲ့ Microsoft နဲ့ Oracle က ခွဲဝေယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကုမ္ပဏီတွေဟာ ယူအေအီးမှာ ဒေတာစင်တာတွေ တည်ဆောက်လာနိုင်ခြေရှိတယ်လို့လည်း သိရပါတယ်။အေအိုင်ချစ်ပ်တင်ပို့ခွင့်ရရေးအတွက် လက်ရှိမှာ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပြီး အပြီးသတ် အဆုံးအဖြတ်ကို မရောက်ခင် အပြောင်းအလဲရှိနိုင်တယ်လို့ ဆိုပါတယ်။

အဆင့်မြင့်နည်းပညာတွေ တခြားနိုင်ငံတွေဆီ စီးဆင်း သွားမှာကို ထိန်းချုပ်တဲ့အနေနဲ့ ဘိုင်ဒင်အစိုးရဟာ အေအိုင်ချစ်ပ် တင်ပို့မှုကို ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။ အထူးသဖြင့် တရုတ်လိုနိုင်ငံမျိုးကို ရောက်သွားပြီး စစ်ရေးအ ရအသုံးပြုလာနိုင်တဲ့အတွက် ဖြစ်ပါတယ်။လက်ရှိမှာတော့ အမေရိကန်နဲ့တရုတ်နိုင်ငံဟာ အေအိုင်နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးချနိုင်ဖို့ ကြိုးပမ်း နေကြတဲ့နိုင်ငံကြီး ၂ နိုင်ငံဖြစ်ပြီး အေအိုင်ချစ်ပ်တင်ပို့ခွင့်အတွက် သဘောတူညီမှုသာ ယူနိုင်ရင် ယူအေအီးဟာ နိုင်ငံတကာ အေအိုင်နည်းပညာဇာတ်ခုံမှာ တတိယစွမ်းအားအကြီးဆုံးနိုင်ငံ ဖြစ်လာနိုင်ပါတယ်။