ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် Max Cement တောင်ဖီလာ ဘိလပ်မြေစက်ရုံက ဘိလပ်မြေဈေးနှုန်းတွေကို ဧပြီ ၂၃ ရက်ကစပြီး လျှော့ချရောင်းပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။Max Cement တောင်ဖီလာ ဘိလပ်မြေစက်ရုံကနေ နေ့စဉ် ဘိလပ်မြေတန်ချိန် ၁၅၀၀ ကနေ ၁၈၀၀ အထိ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ်သင့် အများပြည်သူနဲ့ သက်ဆိုင်တဲ့အဆောက်အအုံတွေနဲ့ ဝန်ကြီးဌာနတွေ ပြန်လည်တည်ဆောက်ရေး အတွက် ဝယ်မယ်ဆိုရင် အရင်က ဘိလပ်မြေတစ်အိတ်ကို ကျပ် ၂၀၀၀၀ နှုန်းနဲ့ ရောင်းချနေရာကနေ အခုအခါမှာ ကျပ် ၁၇၅၀၀ နှုန်းနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။အလားတူ ငလျင်ဘေးသင့်ပြည်သူတွေရဲ့ အိုးအိမ်အဆောက်အအုံတွေ ပြန်လည်တည်ဆောက်ဖို့အတွက် ဝယ်မယ် ဆိုရင် တစ်အိတ်ကို ကျပ်၂၃၀၀၀ နဲ့ ရောင်းချနေရာကနေ အခုအခါ ကျပ် ၂၀၀၀၀ နဲ့ ရောင်းချပေးသွားမှာပါ။အခုလ်ို ပြန်လည်တည်ဆောက်ရေးကာလမှာ စာသင်ကျောင်း ၊ဆေးရုံ ၊ အစိုးရဌာန အဆောက်အဦတွေ အပါအဝင် အများနဲ့သက်ဆိုင်တဲ့နေရာတွေ အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ဖို့နဲ့ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေရဲ့ နေအိမ် အဆောက်အဦတွေ မိုးမကျမီ အမြန်ဆုံး ပြုပြင်တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဈေးနှုန်းတွေ လျှော့ချရော င်းချပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဈေးနှုန်းတွေလျှော့ချပေးတဲ့အတွက် ထုတ်လုပ်မှု၊ ဖြန့်ချိမှုနဲ့ အရည်အသွေးပိုင်းမှာ မထိခိုက်အောင်နဲ့ သုံးစွဲသူတွေ လက်ဝယ် အမှန်တကယ်ရောက်ရှိအောင် နေ့စဉ် စနစ်တကျ ကြပ်မတ်စစ်ဆေး ထုတ်လုပ်နေတယ်လို့ သိရပါ တယ်။မတ်လ ၂၈ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်းမှာ ဘိလပ်မြေဈေးနှုန်းတွေဟာ တစ်အိတ်ကို ကျပ် ၄၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပေမဲ့ သံချောင်း၊ သွပ်ပြား အစရှိတဲ့ အိမ်ဆောက်ပစ္စည်းအများစုရဲ့ ဈေးနှုန်းတွေ ကတော့ ပုံမှန်အတိုင်းပဲရှိတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့က ပြောပါတယ်။