iPhone တွေမှာ Adobe Photoshop အသုံးပြုနိုင်အောင်ထည့်သွင်းလိုက်ပြီလို Techcrunch သတင်းမှာဖေါ်ပြထားပါတယ်။ဒါဟာ IOS အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်ပါတယ်။ ဖုန်းနဲ့တင် ဖိုတိုရှော့တွေ ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။Adobe Photoshop က iPad တွေမှာ အရင်သုံးနိုင်ခဲ့တာပါ။

Generative AI , Adobe Lightroom, Adobe Express , Adobe Fresco စသဖြင့် အခမဲ့သုံးနိုင်မယ့် Feature တွေလည်း အစုံအလင်ပါဝင် တယ်လို ကုမ္ပဏီတာဝန်ရှိအကြီးအကဲတွေကပြောပါတယ် ။အခမဲ့သုံးနိုင်တယ်ဆိုပေမယ့် ပိုကောင်းတဲ့ Feature လေးတွေ လိုချင်ရင်တော့ Premium version တွေ ဝယ်ယူရမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ App store မှာဘဲ Adobe Photoshop အသုံးပြုနိုင်မှာဖြစ်တယ်လို သိရပါတယ်။ Andriod တွေအတွက်တော့ မကြာခင်မှာ အသုံးပြုလိုရမယ်လို ပြောကြားထားပါတယ်။ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်မှာ အသုံးပြုနိုင်ဖို စီစဉ်ပေးသွားမယ်လို Adobe ကပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားထားပါတယ်။