Apple ကုမ္ပဏီက နောက်ထပ် အသစ်ထွက်ရှိမယ့် iPhone အမျိုးအစားတွေအတွက် ဈေးနှုန်းတွေ ထပ်မံတိုးမြှင့်ဖို့ ဆွေးနွေးနေကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောကြားလာတာကို Wall Street Journal မှာ ဖော်ပြပါရှိ ပါတယ်။အမေရိကန်ဟာ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် တိုးမြှင့်တာကို ရှောင်ရှားလိုတဲ့အနေနဲ့ Apple ထုတ်ကုန်အများစုကို အိန္ဒိယမှာ ပြောင်းရွှေ့ထုတ်လုပ်ဖို့ စီစဉ်နေသလို သမ္မတထရမ့်က တိုးမြှင့်လိုက်တဲ့ အခွန် ကောက်ခံမှုတွေကို ကာမိစေဖို့အတွက် အသစ်ထွက်ရှိမယ့် iPhone ထုတ်ကုန်တွေကို ဈေးနှုန်းတိုးမြှင့်ဖို့ စီစဉ်နေ တာ ဖြစ်ပါတယ်။

မေလ ၁၂ ရက်မှာ ဝါရှင်တန်နဲ့ ဘေဂျင်းတို့က အပြန်အလှန်အခွန်စည်းကြပ်မှုကို ယာယီလျှော့ချဖို့ သဘောတူပြီး နောက် အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာရောင်းဝယ်မှုက ၇ ရာခိုင်နှုန်းအထိ မြင့် တက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်က တရုတ်သွင်းကုန်တွေအပေါ် အခွန် ၃၀ ရာခိုင်နှုန်းအထိ စည်းကြပ်ထားဆဲဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွေကို အဟန့်အတားဖြစ်စေတဲ့ အခွန်ကောက်ခံမှုတွေကြောင့် Apple စျေးနှုန်းတွေ မြှင့်တင်တာက ကုန်ကျစရိတ် ပိုမိုမြင့်မားလာတာကို အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။