အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် ၃၃ ချမှတ်လိုက်တဲ့ အခြေ အနေမှာ CMP စက်ရုံအလုပ်ရုံတွေအနေနဲ့ အလုပ်သမားဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ နိုင်ငံတကာ ကုန်အမှတ် တံဆိပ်တွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ လုပ်ငန်းဆိုင်ရာကျင့်ဝတ်တွေကို အထူးလေးစားလိုက်နာဖို့ လိုအပ်တယ်လို့ MGMA ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍရဲ့ လက်ရှိအခြေအနေအပေါ် ဆွေးနွေးပွဲမှာ ဒေါ်ခိုင်ခိုင်နွယ် က အခုလို စက်ရုံအလုပ်ရုံတွေကို တိုက်တွန်းပြောကြားလိုက်တာပါ။

ဒါ့အပြင် စက်ရုံတွေအနေနဲ့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)က ဆောင်ရွက်နေတဲ့ မိမိ သဘောဆန္ဒအလျှောက် တိုင်းပြည်ရဲ့ အလုပ်သမားဥပဒေလေးစားဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။CMP လုပ်ငန်းကဏ္ဍမှာ စက်ရုံတွေက ကုန်ကြမ်းပေး ကုန်ချောယူ (CMP လက်ခစား)စနစ်နဲ့ လုပ်ကိုင်တာဖြစ်ပြီး ကုန်ကြမ်းပစ္စည်းနဲ့ အခြားဆက်စပ်ပစ္စည်းအားလုံးကို လုပ်ငန်းအပ်နှံသူက ပေးပို့ပြီး CMP စက်ရုံက ကုန်ချော ပစ္စည်းတွေကို လုပ်ငန်းအပ်နှံသူရဲ့ ညွှန်ကြားချက်အတိုင်း နိုင်ငံတကာ ကုန်အမှတ်တံဆိပ် နိုင်ငံတွေကို ပြန်လည် တင်ပို့ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)က ဆုံးဖြတ်တဲ့ အပိုဒ် ၃၃ ရဲ့ အကြံပြုလုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်း ပြီး အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးတိုးတက်မှုကို ရှေးရှုကာ မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များ အသင်း(MGMA)အနေနဲ့ ILO အပါအဝင် အလုပ်ရှင်၊ အလုပ်သမား အစိုးရကိုယ်စားလှယ်တွေနဲ့ ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမယ်လို့လည်း MGMA က ပြောထားပါတယ်။မြန်မာ့ CMP လုပ်ငန်း အထည်ချုပ်ကဏ္ဍမှာ MGMA ရဲ့ အသင်းဝင်စက်ရုံပေါင်း ၅၂၃ ရုံ လည်ပတ်နေပြီး လုပ်သား ဦးရေ ၄ သိန်းခွဲဝန်းကျင် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
CMP အထည်ချုပ်စက်ရုံတွေနည်းတူ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း(MIA)ရဲ့ အသင်းဝင်စက်ရုံ တွေဟာလည်း CMP လက်ခစားစနစ်နဲ့ လုပ်ကိုင်နေကြပြီး လည်ပတ်နေတဲ့ MIA အသင်းဝင် CMP စက်ရုံ ၁၆၅ ရုံ ရှိပါတယ်။