Meta ကုမ္ပဏီဟာ အေအိုင်နည်းပညာနဲ့ Facebook မိခင်ကုမ္ပဏီရဲ့ တခြားကွန်ပျူတာဆိုင်ရာ လိုအပ် ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ နျူကလီးယားစွမ်းအင်ကုမ္ပဏီ Constellation Energy နဲ့ အနှစ် ၂၀ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီရဲ့အေအိုင်ရည်မှန်းချက်တွေကို ဆက်လက် အဆင့်မြှင့်တင်ဖို့ စိတ်ချယုံကြည်ရပြီး သန့်စင်တဲ့ စွမ်းအင်ရရှိဖို့ လိုအပ်တယ်လို့ Meta ကုမ္ပဏီက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

Meta ရဲ့ရင်းနှီးမြှုပ်နှံမှုကြောင့် အီလီနွိုက်ပြည်နယ်ရှိ ကလင်တန်နျူကလီးယားစက်ရုံဟာ မဂ္ဂါဝပ် ၃၀ တိုးမြှင့်ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီရင်းနှီးမြှပ်နှံမှုကြောင့် ဒေသတွင်းမှာ အလုပ်အကိုင်ပေါင်း ၁၁၀၀ နီးပါး ဖန်တီးပေးနိုင်မှာဖြစ်ပြီး နှစ်စဉ်အခွန် ၁၃ သန်းခွဲ ပေးဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ကလင်တန်စက်ရုံဟာ လက်ရှိမှာ အမေရိကရှိ အိမ်ပေါင်း ၈၀၀၀၀၀ ကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးနေ တာ ဖြစ်ပါတယ်။နည်းပညာကုမ္ပဏီကြီးတွေ လက်ရှိရင်ဆိုင်နေရတဲ့ လိုအပ်ချက် နှစ်ရပ်ကတော့ အေအိုင်နဲ့ ဒေတာစင်တာ တွေအတွက် စွမ်းအင်ပံ့ပိုးမှုကိုမြှင့်တင်ဖို့နဲ့ ရေရှည်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။

အဲဒီလိုအပ်ချက်တွေကိုဖြေရှင်းဖို့ အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတွေ မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။ အမေရိကန်အစိုးရအနေနဲ့လည်း နည်းပညာ လောကရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ငွေကြေးထောက်ပံ့မှုတွေ တိုးမြှင့်ပေးပြီး စည်းမျဉ်း စည်းကမ်းတွေကို ဖြေလျှော့ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။