အခု၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပကို ရေထွက်ကုန်တန်ချိန် ၈၀၀၀၀ ကျော် တင်ပို့ ထားပြီး ပိုကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိထားတယ်လို ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
အခု ဘဏ္ဍာနှစ် ဧပြီလကနေ ဇွန်လအထိ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကနေ မြန်မာ့ရေထွက်ကုန် မက်ထရစ်တန်ချိန် ၈၂၇၇၃ တင်ပိုခဲ့ပြီး ပိုကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၆၀၁ သန်း ရရှိခဲ့တာပါ။

ပြည်ပဈေးကွက်တွေမှာ ဈေးကွက်ယှဉ်ပြိုင်မှု လျော့နေတာနဲ့ ပြည်တွင်းမှာ သဘာဝဘေးအန္တရာယ်ကျ ရောက်မှု အခြေအနေတွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အခုနှစ်မှာ ရေထွက်ကုန်တင်ပိုမှုက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူနဲ့ယှဉ်ရင် အနည်းငယ်လျော့တယ်လို ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောပါတယ်။ လာမယ့် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ပိုမိုတိုးမြှင့် ထုတ်လုပ်တင်ပိုပြီး လျာထား ချက် ပြည့်မီအောင် ဆောင်ရွက်သွားမယ်လို ဆိုပါတယ်။

အခုဘဏ္ဍာနှစ်မှာ ပြည်ပကို ရေထွက်ကုန်တင်ပိုမှုကနေ ရေထွက်ကုန်တန်ချိန် ၅ သိန်း ၃ သောင်းကျော်၊ ပိုကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော် ရရှိဖို မျှော်မှန်းထားပါတယ်။မြန်မာနိုင်ငံကနေ ငါး၊ ပုစွန်၊ ကဏန်းနဲ့ အခြားရေထွက်ကုန် ပစ္စည်းတွေကို ဂျပန်၊ တရုတ်၊ ထိုင်းနဲ့ ဥရောပနိုင်ငံ တွေ အပါအဝင် အခြား နိုင်ငံပေါင်း ၄၀ ကို တင်ပိုနေတာဖြစ်ပါတယ်။