Nike က ရှေးကျတဲ့ အိန္ဒိယ ချည်ထည်နည်းပညာ တွေ ပါဝင်တဲ့ အမျိုးသမီး အားကစားဝတ်စုံမျိုးစုံကို အိန္ဒိယ အခြေစိုက် ဖက်ရှင်တံဆိပ်တစ်ခုနဲ့ ပထမဆုံးအကြိမ် ပူးပေါင်းမိတ်ဆက်လာခဲ့တာကို CNN သတင်းမှာ ရေးသားလာပါတယ်။

ဒေလီအခြေစိုက် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ NorBlack NorWhite နဲ့ အတူ ဖန်တီးထားတဲ့ ရောင်စုံ အမျိုးသမီး အားကစား ဖိနပ်နဲ့ ဝတ်စုံတွေက “ အိန္ဒိယယဉ်ကျေးမှုနှင့် လက်မှုပညာ” ကို ဂုဏ်ပြုတီထွင်ထားတာဖြစ်တယ်လို Nike သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ “ အိန္ဒိယယဉ်ကျေးမှုနှင့် လက်မှုပညာ” တွေလွှမ်းမိုးထားတဲ့ အမျိုးသမီး အားကစားဝတ်စုံမိတ်ဆက်မှုအတွင်း အိန္ဒိယ နာမည်ကြီး နပန်းသမား ၊ အပြေးသမား နဲ့ ခရစ်ကတ်သမားတွေလည်း ပါဝင်ပါတယ်။ ထင်ရှားကျော်ကြားတဲ့ အိန္ဒိယ ဖက်ရှင်ဓာတ်ပုံဆရာ တစ်ဦး ရိုက်ကူးထားတဲ့ အိန္ဒိယယဉ်ကျေးမှုဖက်ရှင်အားကစားဝတ်စုံ ဓာတ်ပုံတွေက အမျိုးသမီးအားကစားသမားတွေကို အထူးဆွဲဆောင်နိုင်ခဲ့ပါတယ်။

ကမ်ပိန်းဓာတ်ပုံတွေကို အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းရှိ သမိုင်းဝင် Jaipur မြိုမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။၂၀၁၉ ခုနှစ်ကတည်းက အိန္ဒိယ နဲ့ ပူးပေါင်းပြီး စီးပွားဖြစ်လမ်းခင်းဖို ရုန်းကန်ခဲ့ရတဲ့ Nike အတွက် ဒါဟာ မဟာအောင်မြင်မှုတစ်ခုဖြစ်လာမယ်လို လေ့လာသူတွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။ Nike က ပုံမှန်ဆို အမျိုးသားအားကစားဝတ်စုံတွေကို အလေးပေးထုတ်လုပ်နေတာဖြစ်ပြီးလက်ရှိမှာ ခေတ် နောက်ကျကျန်ခဲ့နေပြီလိုယူဆရတဲ့ အမျိုးသမီး အားကစား အ၀တ်အထည်လုပ်ငန်းကို တွန်းအားပေးကြိုးပမ်းနေတာဖြစ်ပါတယ်။