ဖွံ့ဖြိုးဆဲအရှေ့တောင်အာရှဒေသဟာ စွမ်းအင်လိုအပ်ချက် ကြီးမားတဲ့ ဒေသဖြစ်တဲ့အတွက် တရုတ်၊ တောင်ကိုရီး ယားနဲ့ ဂျပန်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေဟာ ဒီဒေသရဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းတွေမှာ ရင်းနှီး မြှုပ်နှံဖို့ လေ့လာနေကြပါတယ်။မေလ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ် တစ်ခုအရ အာဆီယံနိုင်ငံတွေက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတွေမှာ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏက ၂၀၂၀ နောက်ပိုင်းမှာ ပျမ်းမျှ နှစ်စဉ် ၁၅ ရာခိုင်နှုန်းတိုးလာပြီး ၂၀၂၂ ခုနှစ်မှာတော့ ဒေါ်လာ ၄၃ ဘီလျံအထိ ရောက်ရှိလာပါတယ်။

ဒီအထဲမှာ တရုတ်နိုင်ငံက ၂၀၁၃ နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံနဲ့ အများဆုံး ရင်းနှီးမြှုပ်နှံ ထားပြီး ဂျပန်နိုင်ငံက ၂ ဒသမ ၄၅ ဘီလျံနဲ့ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားပါတယ်။ တောင်ကိုရီးယားက ဒေါ်လာ ၅၈၃ သန်း ရင်းနှီးမြှုပ်နှံထားပြီး သြစတြေးလျကတော့ ဒေါ်လာ ၅၁ သန်း ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။ဒီလေးနိုင်ငံက အာဆီယံရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှာ အကြီးမားဆုံး မြှုပ်နှံသူတွေဖြစ်ပြီး လက်ရှိမှာ လည်း အရှေ့တောင်အာရှမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေကြပါတယ်။