အခွန်စည်းကြပ်မှုခံယူခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေရှိနေပြီး အဲဒီ အေဂျင်စီတွေအနေနဲ့ သတ်မှတ်ကာလအတွင်း အခွန်မဆောင်ရင် အမည်မည်းစာရင်းရေးသွင်းမယ်လို အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခွန်စည်းကြပ်မှုခံယူခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၂၈ ခု ရှိတယ်လို ဆိုပါ တယ်။အဲဒီအေဂျင်စီတွေအနေနဲ့ မေလ ၃၁ ရက် မတိုင်ခင် သက်ဆိုင်ရာမြိုနယ်အခွန်ရုံးတွေမှာ အခွန်စည်းကြပ်မှုခံယူ ပြီး အချိန်မီတင်ပြရမယ်လို ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေက နိုင်ငံအလိုက် အလုပ်သမားစေလွှတ်ခဲ့မှုအပေါ် သက်ဆိုင်ရာမြိုနယ်အခွန်ရုံးတွေမှာ ၂၀၂၄ ခုနှစ် ဩဂုတ်လနောက်ဆုံးထားပြီး အခွန်စည်းကြပ်မှုခံယူပြီး ပြန်လည်တင်ပြကြဖို ၂၀၂၄ခုနှစ် ဇွန်လ ၇ရက်က အေဂျင်စီတွေကို အကြောင်းကြား ခဲ့တယ်လို သိရပါတယ်။

အခွန်စည်းကြပ်မှုခံယူရမယ့် အေဂျင်စီတွေထဲက အခွန်ပေးဆောင်ခြင်းမရှိသေးတဲ့ အေဂျင်စီတွေကို ၂၀၂၅ ခုနှစ် မေလ ၃၁ ရက် နောက်ဆုံးထားပြီး အခွန်စည်းကြပ်မှုခံယူကြဖို မေလ ၉ ရက်နေ့က အေဂျင်စီတွေကို အကြောင်း ကြားခဲ့ပြီးဖြစ်တယ်လို သိရပါတယ်။