စက်သုံးဆီလိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိ ဖြည့်ဆည်းပေးနိုင်ဖိုအတွက် အမှတ်(၁) ရေနံချက် စက်ရုံ (သန်လျင်)ကို အသွင်သစ်နဲ့ လည်ပတ်ထုတ်လုပ်သွားမှာဖြစ်တယ်လို စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်၊၊

ဇွန်လ ၅ရက် မနက်ပိုင်းက အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ဧည့်ရိပ်သာမှာ စက်ရုံမှူးနဲ့ တာဝန်ရှိသူတွေ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ကုမ္ပဏီမှတာဝန်ရှိသူတွေနဲ့ နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖွဲတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာပြောကြားခဲ့တာပါ၊၊လက်ရှိမှာ စီမံကိန်းအပိုင်း(၁)အဖြစ် တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၅သိန်း ချက်လုပ်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပြီး စီမံကိန်းအပိုင်း(၂)အဖြစ် တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၃သန်း ချက်လုပ်နိုင်တဲ့ ရေနံချက်စက်ရုံကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်၊၊အဲဒီလိုဆောင်ရွက်ရာမှာ ရေတိုရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်နေပြီး စိမံကိန်းတစ်ခုလုံးဆောင်ရွက်ပြီး စီးရင် နိုင်ငံတော်ရဲ့ စက်သုံးဆီလိုအပ်ချက်ကို ထက်ဝက်ခန့် ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်၊၊

ဒါ့အပြင် စီမံကိန်းရဲ့အပိုင်း(၁)အဖြစ် တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၅သိန်းချက်လုပ်နိုင်တဲ့ ရေနံချက်စက်ရုံဟာ အခုနှစ်အကုန်မှာလည်ပတ်ထုတ်လုပ်နိုင်မှာဖြစ်ပြီး စီမံကိန်းအပိုင်း(၂)အဖြစ် တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၃သန်းချက်လုပ်နိုင်တဲ့ ရေနံချက်စက်ရုံကတော့ လာမယ့် ၂၀၂၈ခုနှစ်အတွင်းမှာအပြီးသတ်ဆောင်ရွက်နိုင်ဖို လျာထားဆောင်ရွက်နေတယ်လိုလည်း သိရပါတယ်၊၊