နိုင်ငံတကာခရီးသည်တင်သင်္ဘောတွေပေါ်မှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် အသင့်ပြင်ဆင်ထား ပြီးတဲ့ မြန်မာအမျိုးသမီးသင်္ဘောသား ၅၀၀ လောက်ရှိတယ်လို့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ကနေ သိရပါတယ်။လက်ရှိမှာ နိုင်ငံတကာခရီးသည်တင်သင်္ဘောတွေပေါ်လိုက်ခွင့်ရဖို့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ထားပြီးတဲ့ အမျိုးသမီး ၈၀၀ လောက်ရှိပြီး အဲဒီထဲမှာ သင်္ဘောပေါ်အ တက်အဆင်းလုပ်နေတဲ့ အမျိုးသမီးသင်္ဘောသား ၃၀၀ လောက်သာရှိတယ်လို့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင်က ပြောပါတယ်။

၁၉၉၀ပြည့်နှစ်နောက်ပိုင်းကစပြီး မြန်မာအမျိုးသမီးတွေဟာ နိုင်ငံတကာ ခရီးသည်တင်သင်္ဘောတွေ ပေါ်မှာ စတင်အလုပ်လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး အများစုက ဟိုတယ်ဝန်ထမ်းတွေအဖြစ် လုပ်ကိုင်ခဲ့ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာခရီးသည်တင်သင်္ဘောလိုက်တဲ့ အမျိုးသားအမျိုးသမီးတွေကို သင်္ဘောသားအဖြစ် မသတ်မှတ်ပဲ ဟိုတယ်ဝန်ထမ်းအဖြစ်သာ သတ်မှတ်ခဲ့တာကြတာပါ။ အဲဒီနောက် ၂၀၀၆ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကနေ ရေကြောင်းနဲ့ပတ်သက်ဆက်နွယ်တဲ့ အလုပ်သမားတွေအတွက် ထုတ်ပြန်ခဲ့တဲ့ ပြဌာန်းချက်မှာ သင်္ဘောပေါ်မှာရှိတဲ့ဟိုတယ်မှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းကိုလည်း သင်္ဘောသားအဖြစ် သတ်မှတ်တယ်လို့ ပါဝင်ခဲ့ပါတယ်။

ဒီလိုသင်္ဘောသားလို့သတ်မှတ်လိုက်တာဖြစ်လို့ သင်္ဘောသားတစ်ဦးတက်မြောက်ရမယ့် အသက်မွေးဝမ်းကြောင်းဘာသာရပ်တွေကို သင်ယူပြီး seaman passport နဲ့မှ နိုင်ငံတကာခရီးသည်တင်သင်္ဘောတွေပေါ် တက်ခွင့်ရရှိမှာဖြစ်ပါတယ်။လက်ရှိ နိုင်ငံတကာသင်္ဘောသားလိုင်းတွေမှာ အလုပ်အကိုင်ရရှိဖို့အတွက် ပေးရတဲ့ရိုက်ကြေးတွေ မြင့်တာကြောင့် သင်္ဘောတက်ချင်တဲ့ မြန်မာနိုင်ငံက လူသစ်သင်္ဘောသားအများစု အခက်ကြုံနေရတယ်လို့ သင်္ဘောသား အလုပ်အကိုင်အသိုင်းအဝိုင်းက သိရပါတယ်။