တရုတ်အခြေစိုက် လိင်ဖျော်ဖြေရေးအရုပ်တွေ ထုတ်လုပ်တဲ့ အကြီးဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ WMDoll ကုမ္ပဏီဟာ အခုနှစ်အတွင်း ရောင်းအား ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်မယ်လို့ ခန့်မှန်းထားကြောင်း South China Morning Post သတင်းမှာ ဖော်ပြထားပါတယ်။ WMDoll ကုမ္ပဏီဟာ လိင်ဖျော်ဖြေရေးအရုပ်တွေမှာ AI နည်း ပညာကို ပေါင်းစပ်ထည့်သွင်းပြီး အရုပ်တွေကို အတတ်နိုင်ဆုံး လူနဲ့ အနီးစပ်ဆုံး တူညီမှုရှိစေဖို့ ဆောင်ရွက်ထား တာလည်း ဖြစ်ပါတယ်။

AI နည်းပညာ ထည့်သွင်းထားတဲ့ အရုပ်တွေဟာ အသုံးပြုသူဘက်က ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရရှိစေဖို့အတွက်လည်း မျှော်လင့်ထားတယ်လို့ WMDoll ကုမ္ပဏီတည်ထောင်သူနှင့် အမှုဆောင်ချုပ် လျူကျန်းရှား (Liu Jiangxia)က ပြောပါတယ်။ AI ကြောင့် အရုပ်တွေရဲ့ တုံ့ပြန်နိုင်စွမ်းနဲ့ အဆင်ပြေပြေ ထိတွေ့ ဆောင်ရွက်နိုင်မှုတွေ မြင့်တက်ခဲ့ပြီး အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို ရရှိစေပါ တယ်”လို့ လျူက South China Morning Post နဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားထားတာပါ။

တရုတ်နိုင်ငံ၊ ကွမ်တုံ (Guangdong) ပြည်နယ်၊ ကျုံးရှန်း(Zhongshan)မြို့မှာ အခြေစိုက်တဲ့ WMDoll ကုမ္ပဏီ ဟာ AI နည်းပညာ ထည့်သွင်းထားတဲ့ နောက်ဆုံးပေါ် MetaBox အရုပ်တွေကို တီထွင်ထုတ်လုပ်နေတာ ဖြစ်ပါ တယ်။ အဲဒီ အရုပ်တွေဟာ cloud ဝန်ဆောင်မှုနဲ့ ချိတ်ဆက်ထားကာ အရုပ်တစ်ရုပ်ချင်းစီရဲ့ အချက်အလက်တွေ ကို ဒေတာစင်တာတွေမှာ သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။ မျိုးဆက်သစ် လိင်ဖျော်ဖြေရေး အရုပ်တွေရဲ့ အတွင်း ပိုင်း အရိုးတွေနေရာမှာ သတ္တုတွေကို အသုံးပြုပြီး ဆီလီကွန်နဲ့ အခြား သာမိုပလတ်စတစ် အီလက်စတိုမာတွေ လည်း ပေါင်းစပ်ပြုလုပ်ထားတယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။