ရေနံထုတ်လုပ်တဲ့အဓိကနိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံကိုချမှတ်ထားတဲ့အရေးယူမှုတွေကို လျှော့ပေါ့ပေးဖို့အတွက် အဓိကကျတဲ့ အမေရိကန်ရဲ့ အဏုမြူသဘောတူညီမှုအဆိုပြုချက်ကိုပယ်ချခဲ့တဲ့ အီရန်ရဲ့ဆုံးဖြတ်ချက်၊ ကနေဒါမှာ တောမီးလောင်ပြီး ရေနံထုတ်လုပ်မှုထိခိုက်ခဲ့တဲ့အရေးကိစ္စတွေကြောင့် ဇွန်လ ၃ရက်နေ့ အာရှရှယ်ယာဈေးကွက်မှာ ရေနံဈေးနှုန်းတွေ မြင့်တက်လာပါတယ်။

ဘရန့်ရေနံစိမ်းအညွှန်းကိန်းတွေအရ ၀ ဒဿမ ၈၅ ရာခိုင်နှုန်းမြင့်တက်ပြီး ရေနံစိမ်းတစ်စည်ကို ၆၅ ဒေါ်လာ ၁၈ဆင့် ဖြစ်လာပါတယ်။အမေရိကန်အနောက်တက္ကဆက်ရေနံစိမ်းဈေးကွက်အရ ၀ ဒဿမ ၉၄ ရာခိုင်နှုန်းမြင့်တက်လာပြီး ရေနံစိမ်းတစ်စည်ကို ၆၃ ဒေါ်လာ ၁၁ ဆင့်ဖြစ်လာပါတယ်။ဒီနေ့ရေနံဈေးနှုန်းတွေက ပထဝီနိုင်ငံရေးတင်းမာမှုတွေကို အရင်းခံတာပါ။ ဆယ်စုနှစ်တွေကြာနေပြီဖြစ်တဲ့ အဏုမြူသဘောတူညီချက်ဆိုင်ရာအငြင်းပွားမှုကို အဆုံးသတ်မဲ့ အမေရိကန်ရဲ့အဆိုပြုချက်ကို အီရန်ပယ်ချခဲ့ပြီး အဲဒီအဆိုပြုချက်က အီရန်ရဲ့အကျိုးစီးပွားတွေကို မျက်ကွယ်ပြုထားတယ်လို့ အီရန်သံတမန်တစ်ယောက်က ပြောကြားထားပါတယ်။