ရန်ကုန်မြို့က သားငါးလက်လီရောင်းချတဲ့ စျေးကြီးတချို့မှာ သားငါးဝယ်လိုအား လျော့နည်းလာတာကြောင့် သားငါးလက်ကားရောင်းချတဲ့ ဒိုင်တွေမှာလည်း ဝယ်လိုအား လျော့နည်းလာတယ်လို့ လက်ကားရောင်းချတဲ့ ဒိုင်တွေဆီကနေ သိရပါတယ်။

ရေချိုငါး လက်ကားရောင်းတဲ့ ဒိုင်တွေမှာ ငါးကြင်းတစ်ပိဿာကို ၁၂၀၀၀ ကျပ်၊ ငါးမြစ်ချင်းနဲ့ ငါးတန် တစ်ပိဿာ ကို ကျပ် ၇၀၀၀ ကနေ ၈၀၀၀ နဲ့ ငါးမုတ်ကတော့ တစ်ပိဿာကို ၇၀၀၀ ကျပ်ဈေးရှိနေတာပါ။ ဒီဈေးတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက ဈေးတွေဖြစ်ပြီး အခုချိန်ထိ အတက်အကျမရှိသေးဘူးလို့ ဆိုပါ တယ်။အသားငါးတွေ ဝယ်လိုအားလျော့နည်းလာပေမဲ့ ဈေးတွေကတော့ သိသိသာသာကျသွားမျိုးမရှိဘူးလို့ ဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။