ရန်ကုန်မြို့က ဆန်အရောင်းဆိုင်တွေမှာ လတ်တလော ဆန်အရောင်းအဝယ် အေးနေပြီး ဆန်ဈေးနှုန်းတွေလည်း တည်ငြိမ်နေတယ်လို့ ရန်ကုန်မြို့က ရွှေမိုး ဆန်ရောင်းဝယ်ရေးဆိုင်က တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်၊၊ဆန်အရောင်းဆိုင်တွေမှာ ဆန်ချောထက် ဆန်ကြမ်းအမျိုးအစား ဝယ်ယူသူတွေက ပိုများနေတာကြောင့် ဆန်ကြမ်းက အရောင်းအနည်းငယ် ပိုသွက်နေတယ်လို့ ဆိုပါတယ်။

အရင်နှစ်တွေက အခုလောက်ထိ အရောင်းအဝယ် မအေးဘဲ အခုနှစ်မှာတော့ ဆန်စျေးမတက်ဘဲ အရောင်းအဝယ် အေးနေတာဖြစ်တယ်လို့ ရွှေမိုး ဆန်ရောင်းဝယ်ရေးဆိုင် တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။လက်ရှိ ဆန်ဈေးကွက်ထဲမှာတော့ ဆန်ချော တစ်အိတ်ကို ကျပ် ရှစ်သောင်းခွဲကနေ ကျပ် တစ်သိန်း သုံးသောင်း အထိရှိပြီး ဆန်ကြမ်း တစ်အိတ်ကို ၅၃၀၀၀ ကျပ်ကနေ ကျပ် တစ်သိန်းကျော် ဝန်းကျင်ထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ဒါ့အပြင် ဇွန်လအတွင်း ပြည်တွင်းဈေးကွက်မှာ ၂၄ ပြည်ဆန်တစ်အိတ်ကို အမျိုးအစားအလိုက် အနိမ့်ဆုံး ကျပ် ခြောက်သောင်းကနေ အမြင့်ဆုံ ကျပ် တစ်သိန်း ငါးသောင်း ငါးထောင်အတွင်း ရောင်းချဖို့ စားသုံးသူရေးရာ ဦးစီး ဌာနက ရည်ညွှန်းဈေး ထုတ်ပြန်ထားပါတယ်။