လက်ရှိ ရန်ကုန်မြိုက ဆန်လက်ကား အရောင်းဆိုင်တွေမှာ အရောင်းအဝယ် အေးနေပြီး ဝယ်သူ နည်းပါးတယ်လို ရန်ကုန်မြိုက ရွှေမိုးဆန်ရောင်းဝယ်ရေးဆိုင်က တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်၊၊

ဆန်လက်ကား အရောင်းဆိုင်တွေမှာတော့ ဆန်ဈေးနှုန်းတွေက တည်ငြိမ်နေပြီး ဆန်ချောထက် ဆန်ကြမ်း အမျိုး အစား ဝယ်ယူသူတွေက ပိုများနေတဲ့အတွက် ဆန်ကြမ်းအရောင်း အနည်းငယ် ပိုသွက်နေတယ်လို ဆိုပါတယ်။စျေးချရောင်းတာ သတ်မှတ်စျေးထက် လျှော့ရောင်းပေမဲ့ ဝယ်မယ့်သူ မရှိသလောက် ဖြစ်နေပြီး သယ်ယူစရိတ် ကြီးမြင့်တာတွေလည်း ရှိတယ်လို ရန်ကုန်မြိုက ရွှေမိုး ဆန်ရောင်းဝယ်ရေးဆိုင်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဆင်ခြေဖုံး မြိုနယ်တွေနဲ့ ရပ်ကွက်တွေမှာရှိတဲ့ လက်လီ ဆန်အရောင်းအဝယ်ဆန်ဆိုင်တွေမှာတော့ ဆန်စျေးက မကျဘဲ ပုံမှန် ရောင်းဝယ်မှု ရှိနေပြီး ဆန်ချောစျေးနှုန်းတွေကတော့ အနည်းငယ်ကွာဟမှု ရှိနေတယ်လို သိရပါ တယ်၊၊ လက်ရှိ ဆန်ဈေးကွက်ထဲမှာတော့ ဆန်ချောတစ်အိတ်ကို ကျပ် ရှစ်သောင်းခွဲကနေ ကျပ် တစ်သိန်းခွဲအထိ ရှိပြီး ဆန်ကြမ်း တစ်အိတ်ကို ၅၁၀၀၀ ကျပ်ကနေ ကျပ် တစ်သိန်းကျော် ဝန်းကျင်ထိ ပေါက်ဈေးရှိနေတယ်လို သိရ ပါတယ်။ ဒါ့အပြင် အခုဇူလိုင်လအတွက် ဆန်ရည်ညွှန်ဈေးနှုန်းတွေ ထုတ်ပြန်ရာမှာ ပြည်တွင်းစားဆန်တချို ဈေးအနည်းငယ် မြင့်တက်လာတယ်လို စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းအရ သိရပါတယ်။