တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ မြန်မာလုပ်သား ၁၈၂ ယောက် စေလွှတ်ခဲ့တယ်လို့ ဆိုးလ်မြို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ ဒီလို စေလွှတ်ရာမှာ Re Entry လုပ်သား ၁၀၂ ယောက်၊ စိုက်ပျိုး မွေးမြူရေး လုပ်သားသစ် ၅၆ ယောက်နဲ့ ကုန်ထုတ်လုပ်သား သစ် ၂၄ ယောက် စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံကို အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီကတစ်ဆင့် EPS စနစ်နဲ့ Re-Entery ကုန်ထုတ် လုပ်သား၊ ကျွမ်းကျင်ဂဟေလုပ်သား၊ ကုန်ထုတ်လုပ်သားသစ်၊ CBT လုပ်သား၊ စိုက်ပျိုး/မွေးမြူရေး လုပ်သား သစ်နဲ့ ဆောက်လုပ်ရေး လုပ်သားသစ်တွေကို အဓိက စေလွှတ်နေတာပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ အမျိုးသမီးတွေကို ပထမဆုံးအနေနဲ့ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် ပြုထားပါ တယ်။ တောင်ကိုရီးယားမှာ အလုပ်လုပ်ကိုင်နေတဲ့ E-9 Visa ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သားတွေ အနေနဲ့ လည်း ကျွမ်းကျင်လုပ်သားဗီဇာ (E 7-4 Visa)ကို ပြောင်းလဲလျှောက်ထားခွင့် ပြုထားတယ်လို့ သိရပါတယ်။

ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးအတွက် စာအုပ်တစ်အုပ်ကို ကိုရီးယားဝမ် ၅၅,၀၀၀ ၊ စာအုပ်ပျောက်ဆုံးဒဏ်ကြေးအတွက် တစ်အုပ်ကို အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာနဲ့ သက်တမ်းလွန်ဒဏ်ကြေးအနေနဲ့ တစ်နှစ်ကျော်လွန်ရင် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ ပေးသွင်းဖို့ သတ်မှတ် ထားပါတယ်။