မန္တလေးငလျင်ကြီးကြောင့် ယာယီပိတ်ထားခဲ့ရတဲ့ မန္တလေးအဆင့်မြင့်ဈေးချိုတော်ကြီးမှာရှိတဲ့ ဆိုင်ခန်းတွေ မကြာခင်မှာ ရာနှုန်းပြည့် ပြန်လည်ဖွင့်လှစ်သွားမယ်လို့ မန္တလေးအဆင့်မြင့်ဈေးချိုတော် အကျိုးတော်ဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကြည်မင်းက ပြောပါတယ်။ယာယီပိတ်ထားခဲ့ရတဲ့ မန္တလေးအဆင့်မြင့်ဈေးချိုတော်ကြီးကို ဧပြီ ၂၁ ရက်မှာ အကန့်အသတ်နဲ့ ပြန်ဖွင့်လှစ်ခဲ့တာပါ။

အဲဒီနောက် ဧပြီလ ၂၃ ရက်မှာ မြေညီထပ်က ဆိုင်ခန်း ၈၀ ရာခိုင်နှုန်းလောက် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပထမထပ်နဲ့ ဒုတိယထပ်ကဆိုင်ခန်းတချို့လည်း ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ဆိုင်ခန်းအားလုံး ရာနှုန်းပြည့် ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေ တယ်လို့ မန္တလေးအဆင့်မြင့်ဈေးချိုတော် အကျိုးတော်ဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကြည်မင်းက ပြောပါတယ်။

မန္တလေး ဈေးချိုတော်နဲ့ မန်းမြန်မာပလာဇာ အဆောက်အအုံတွေကို ဧပြီ ၄ ရက်နဲ့ ၇ ရက်က ပြည်တွင်း၊ ပြည်ပ ငလျင်ဒဏ်ကြံ့ခိုင်မှု စစ်ဆေးရေးအဖွဲ့တွေက လာရောက်စစ်ဆေးခဲ့ကြရာ ကြံ့ခိုင်မှု ရှိကြောင်း မှတ်ချက်ပေးတဲ့ အတွက် ပြန်လည်ဖွင့်လှစ်ရောင်းချခွင့် ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဆိုင်ခန်း ထောင်နဲ့ချီရှိတဲ့ မန္တလေးအဆင့်မြင့် ဈေးချိုတော်မှာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှု များများ စားစား မရှိခဲ့ဘဲ အင်္ဂတေအချို့ ကွာတာလို ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။