မကွေးပဲဈေးကွက်မှာ ဝယ်လိုအား သိပ်မရှိတာကြောင့် ပဲစင်းငုံဈေးတွေ ကျဆင်းနေတယ်လို့ မြို့ခံ ပွဲရုံလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။ မကွေးမြို့နယ်မှာ ပဲစင်းငုံကို မိုးဦးနှမ်းမြေပဲတွေနဲ့အတူ သီးညှပ်အဖြစ် စိုက်ပျိုး ကြပြီး မိုးနှောင်းကာလ ဇန်နဝါရီလလောက်မှာ စတင်ထွက်ရှိတာ ဖြစ်ပါတယ်။ ပဲစင်းငုံ ပေါ်ချိန်တုန်းက တစ်တင်း ကို ကျပ် ကိုးသောင်းခွဲကနေ တစ်သိန်း နှစ်သောင်း ဝန်းကျင်အထိ ဈေးရှိခဲ့တာပါ။

လက်ရှိမှာ ဈေးကွက်ဝယ်လိုအား မရှိတာကြောင့် ပဲစင်းငုံတစ်တင်းကို ကျပ် ရှစ်သောင်းရှစ်ထောင်ဝန်းကျင်ဈေးသာ ရှိပြီး သိုလှောင်ထားသူတွေ အရှုံးပေါ်နေတယ်လို့ မကွေးမြို့က သီးနှံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ကိုထင်လင်းအောင်က ပြောပါတယ်။ ပဲစင်းငုံကို အိန္ဒိယကနေ အဓိဝယ်ယူတာဖြစ်ပြီး မကွေးမြို့ ပဲစင်းငုံရောင်းဝယ်ရေးကတော့ ရန်ကုန် ဈေးကွက် အပေါ်မှာ အခြေခံရောင်းဝယ်ကြတာ ဖြစ်ပါတယ်။