အခုနှစ် သင်္ကြန်ကာလမတိုင်မီ မကွေးတိုင်းဒေသကြီးအတွင်းမှာ ပဲဆီနဲ့နှမ်းဆီတွေ ရောင်းအား ကျဆင်းနေတယ် လို ဒေသတွင်း ဆီစက်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ အခုနှစ်မှာ ရောင်းအားကျဆင်းတာဟာ နိုင်ငံအတွင်း မှာ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့် ဖြစ်တဘ်လို ဆိုပါတယ်။

မကွေးတိုင်းက ထွက်ရှိတဲ့ ပဲဆီ၊ နှမ်းဆီနဲ့ နေကြာဆီတွေကို ရန်ကုန်နဲ့ မန္တလေးကို တင်ပိုရောင်းချကြတာ ဖြစ်ပါ တယ်။ လက်ရှိမှာ ဆီလုပ်ငန်းရှင်အသင်းက ပဲဆီ၊ နှမ်းဆီ တစ်ပိဿာကို ကျပ် ၁ သောင်း ၇ ထောင်စျေးနဲ့ ရောင်းချ ပေး နေပါတယ်။ အရင်နှစ်က သင်္ကြန်ရက်နားနီးရင် ဆီစျေးနှုန်း အပြောင်းအလဲရှိပြီး ရောင်းအားကောင်းပေမယ့် အခုနှစ်ကတော့ စျေးနှုန်း ပြောင်းလဲမှု မရှိသလို ရောင်းအားလည်း ကျဆင်းနေတာ ဖြစ်တယ်လို သိရပါတယ်။