အခုနှစ်ဆန်းပိုင်းမှာ ဘိလပ်မြေတွေ ပစ္စည်းပြတ်ပြီးနောက် ဈေးနှုန်းတွေ မြင့်တက်ခဲပေမဲ့ မတ်လအတွင်းမှာ ဘိလပ်မြေတွေ ပုံမှန်ပြန်ဝင်လာတဲ့အတွက် ဈေးနှုန်းအနည်းငယ် ကျဆင်းလာတယ်လို့ ရန်ကုန်မြို့ရှိ ဘိလပ်မြေ ရောင်းဝယ်တဲ့သူတွေဆီကနေ သိရပါတယ်။ဘိပ်လပ်မြေ ဈေးဟာ အရင်က တစ်အိတ်ကို ကျပ် ၁ သောင်းကျော်သာရှိခဲ့ရာကနေ ဘိလပ်မြေအမျိုးအစား အလိုက် တစ်အိတ်ကို ကျပ် ၂ သောင်း ၆ ထောင်ကျော် ၂ သောင်း ၇ ထောင်ဝန်းကျင်အထိ ဈေးပေါက်ခဲ့တာပါ။

အခုဆိုရင် ဘိလပ်မြေတွေ ပြန်ဝင်ရောက်လာတဲ့အတွက် ဘိပ်လပ်မြေ တစ်အိတ်ကို ကျပ်(၂)သောင်းခွဲအောက်သာ ရှိတော့တယ်လို့ ဆိုပါတယ်။ဘိလပ်မြေဈေးတွေတက်ပြီးနောက် ဖေဖေါ်ဝါရီလနောက်ဆုံးပတ်နဲ့ မတ်လ(၄)ရက်က ပြည်ပကနေ ဘိလပ်မြေ တန်ချိန်(၆၀၀၀) ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူးပေးခဲ့တယ်လို့ သိရပါတယ်။