iPhone 16e ကိုထုတ်ပြီးတစ်လအကြာမှာပဲ 128GB model အတွက်မူရင်းတရားဝင်ရောင်းဈေး အမေရိကန်ဒေါ်လာ ၆၂၆ ရောင်းချရာကနေ ဈေးနှုန်း ၄.၃ ရာခိုင်နှုန်း အထိ ကျဆင်းသွားကြောင်း VnExpress မှာဖော်ပြထားပါတယ်။iPhone တခြားဗားရှင်းအဟောင်းတွေထက် ရောင်းအားကျပြီး ဝယ်လိုအားလည်းကျဆင်းနေတာဖြစ်ပါတယ်။

လုပ်ငန်းနယ်ပယ်ကျွမ်းကျင်သူတွေအဆိုအရ ဗီယက်နမ်မှာ iPhone သုံးစွဲသူတွေဟာ မျက်နှာပြင်ကြီးကြီးနဲ့အဆင့်မြင့်တဲ့ကင်မရာတွေပါပြီးတော့ အသုံးပြုစရာအင်္ဂါရပ်အသစ်တွေကိုကြိုက်တာဖြစ် တဲ့အတွက် 16e ကအဲဒီအပိုင်းတွေမပါရှိတာကြောင့် လူကြိုက်နည်းနေတာဖြစ်ပါတယ်။MagSafe ကြိုးမဲ့ဖုန်းအားသွင်းစနစ်မပါဘဲ နောက်ကင်မရာတစ်လုံးပဲပါတဲ့အတွက်လည်းဖြစ်နိုင်တယ်လိုMinh Tuan ဖုန်းကုမ္ပဏီပြောရေးဆိုခွင့် ရှိသူကပြောကြားခဲ့ပါတယ်။စွမ်းဆောင်ရည်မြင့်မားပြီး ဘက်ထရီသက်တမ်းကောင်းပေမယ့် အရောင်အသွေးစုံတဲ့ဒီဇိုင်းတွေနဲ့ မှန်ဘီလူးနဲ့ဆန်ဆာ ၂ မျိုးပေါင်းစပ်ကင်မရာစနစ်ပါလို လူသိများတဲ့ iPhone 15ရဲ့ကောင်းကွက်တွေအောက်မှာ 16e က နောက်ကျကျန်နေခဲ့တာဖြစ်ပါတယ်။