အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာန(ဒီအိုစီ)က ဗီယမ်နမ်ကုမ္ပဏီ ၂၄ ခုက တင်ပို့လာတဲ့ ပုစွန်တွေကို အကောက်ခွန် ၃၅ ရာခိုင်နှုန်းအထိ ချမှတ်လိုက်ကြေင်း VN Express သတင်းမှာ ဖော်ပြထားပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အတွင်းမှာ ဗီယက်နမ်က တင်သွင်းလာတဲ့ အေးခဲပုစွန်တွေနဲ့ပတ်သက်ပြီး ဇွန်လ ၇ ရက်က ထုတ်ပြန်လိုက်တဲ့ ဒီအိုစီ ရဲ့ ၁၉ ကြိမ်မြောက် စီမံခန့်ခွဲရေးအစီရင်ခံစာအရ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဗီယက်နမ် ပင်လယ်စာ တင်ပို့ရောင်းချသူများအသင်း(VASEP)က ထုတ်ပြန်ပြောကြားထားပါတယ်။VASEP နဲ့ ပါဝင်တဲ့ကုမ္ပဏီတွေကတော့ ကနဦး အခွန်နှုန်းထားမြင့်မားမှုကို အံ့သြပြီး စိတ်ပူနေကြသလို အတွက်မှားတာတွေ၊ နားလည်မှုလွဲမှားတာတွေကြောင့် လတ်တလော ကနဦးတွေ့ရှိချက်တွေ သက်ရောက်နေတာဖြစ်နိုင်တယ်လို့ သံသယဝင်နေကြပါတယ်။

ကနဦးတွေ့ရှိချက်တွေက နောက်ဆုံးအတည် မဟုတ်သေးပေမဲ့ ကြေညာချက်ကြောင့် အမေရိကန်ကို တင်သွင်းသူတွေ စိတ်ပူနေကြသလို ကုန်သွယ်ရေးအစီအစဉ်တွေ အနှောင့်အယှက်ဖြစ်သွားပြီး ဗီယက် နမ် ပုစွန်ကုန်သည်တွေလည်း ယုံကြည်မှု လျော့ကျလာနေကြပါတယ်။VASEP ကတော့ ကနဦးတွက်ချက်မှုတွေနဲ့ပတ်သက်ပြီး မျှမျှတတ သေချာပြန်လည်းသုံးသပ် စဉ်းစားပေး ဖို့နဲ့ နှစ်နိုင်ငံကုန်သွယ်ရေးတည်ငြိမ်စေဖို့အတွက် ဗီယက်နမ်ပင်လယ်စာတင်ပို့သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ ဒီအိုစီကို အသားပေး ပြောကြားထားပါတယ်။ ဗီယက်နမ်ဟာ အိန္ဒိယ၊အီကွေဒေါနဲ့ အင်ဒိုနီးရှားပြီးရင် အမေရိကန်ကို စတုတ္ထအကြီးဆုံး အေးခဲပုစွန် တင်သွင်းသူ ဖြစ်ပါတယ်။