ပြည်ပကနေ တင်သွင်းခွင့်ပြုထားတဲ့ ဘိလပ်မြေ တန်ချိန် ၁၅၀၀ တင်ဆောင်လာတဲ့ ရေယာဉ်ဟာ ရန်ကုန်မြို ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းကို ဧပြီ ၉ ရက်က ထပ်မံရောက်လာပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေတယ်လို သိ ရပါတယ်။ လက်ရှိမှာ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဘိလပ်မြေတင် ရေယာဉ်တွေလည်း ဆက်တိုက် ရောက်ရှိနေတယ်လို သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက် ညနေပိုင်းကလည်း ရန်ကုန်မြို ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းကို ဘိလပ်မြေတန်ချိန် ၁၅၀၀ တင်ဆောင်လာတဲ့ ရေယာဉ် ရောက်ရှိခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးပေးခဲ့ပါတယ်။ ပြည်တွင်းဆောက်လုပ် ရေးလုပ်ငန်းတွေအတွက် အခုကာလအတွင်း လိုအပ်တဲ့ ဘိလပ်မြေတွေကို တင်သွင်းခွင့် ပြု ထားပြီး အခု ရောက်ရှိလာတဲ့ ရေယာဉ်တွေအပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာတဲ့ ရေယာဉ်တွေပါ အပတ်စဉ် ဆက်လက်ရောက်ရှိလာမှာ ဖြစ်တယ်လို သိရပါတယ်။

လက်ရှိမှာတော့ အင်အားအလွန်ပြင်းထန်တဲ့ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ပြည်တွင်းမှာ ဘိလပ်မြေ တစ်အိတ်ကို အမျိုးအစားအလိုက် ကျပ် ၄ သောင်း ကျော်အထိ ရှိလာပြီး ပစ္စည်းတွေလည်း ပြတ်လပ်နေတယ်လို အိမ်ဆောက်ပစ္စည်း ဈေးကွက်က သိရပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ် ဘိလပ်မြေလိုအပ်ချက်ဟာ တန်ချိန်(၁၀) သန်း ကျော်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုက တန် ချိန်(၈)သန်းအောက်မှာသာ ရှိပါတယ်။