ပြည်ပကို ဆန်တင်ပိုနေတဲ့ကုမ္ပဏီကြီးတွေရဲ့ ဆန်စက်၂၈စက်မှာ ဆိုလာစနစ်တပ်ဆင်နိုင်ရေး ဆောင်ရွက်နေတယ်လို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။ဆန်စက် ၂၈စက်မှာ တပ်ဆင်အင်အား ၄၁ဒသမ၉မဂ္ဂါဝပ်ရှိတဲ့ ဆိုလာတပ်ဆင်နိုင်ရေးအတွက် မတ်လကစပြီး ကနဦးစူးစမ်းလေ့လာရေး၊ တည်ဆောက်တပ်ဆင်ရေးတိုကို ဆောင်ရွက်နေတယ်လို ဆိုပါတယ်။

အသင်းချုပ်အနေနဲ့လည်း ဆန်တင်ပိုနေတဲ့ ကုမ္ပဏီကြီးတွေရဲ့ ဆန်စက်တွေမှာ ဆိုလာကို တိုးမြှင့်သုံးစွဲနိုင်ဖိုရည်ရွယ်ပြီး ဆိုလာစွမ်းအင်ဆိုင်ရာ ကုမ္ပဏီ၁၇ခုနဲ့ MoUရေးထိုးထားတယ်လို သိရပါတယ်။ဒါ့အပြင် ဆန်စပါးစိုက်ပျိုးတဲ့ တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးရေးရရှိရေး ဆိုလာနဲ့ဆောင်ရွက်နိုင်မဲ့ အလားအလာတွေကိုပါ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်နိုင်ဖို စီမံကိန်းရေးဆွဲနေတယ်လိုလည်း သိရပါတယ်။
ဓာတ်ပုံ- MRF