German Economic Institute ရဲ့ ခန့်မှန်းချက်အရ မနှစ်က မော်စကိုဟာ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ ထိပ်တန်းကုန်သွယ်ဖက် နိုင်ငံ ၂၀ ဆီ ကုန်ပစ္စည်းတင်ပို့မှု ၁၈ ရာခိုင်နှုန်း တိုးလာတယ်လို့ RT သတင်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ ယူကရိန်းပဋိပက္ခမတိုင်ခင်နဲ့ အနောက်တိုင်းရဲ့ ပိတ်ဆို့အရေးယူမှုတွေကြားမှာ သိသိသာသာ တိုးတက် လာတာဖြစ်ပါတယ်။ ဥရောပရဲ့ ကြိုးပမ်းမှုတွေကြားမှာ ရုရှားသမ္မတ ပူတင်ရဲ့ စစ်ရန်ပုံငွေတွေ မကုန်ခန်းသေးဘဲ မော်စကိုက ပိတ်ဆို့အရေးယူမှုတွေရဲ့ အားနည်းချက်တွေကို အသုံးချပြီး ဘဏ္ဍာရေးကို တိုးချဲ့နေတာ ဖြစ်ပါတယ်။တရုတ်၊ အိန္ဒိယ၊ တူကီယဲနဲ့ ဘရာဇီးနိုင်ငံတွေဟာ ရုရှားရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ တခြားကုန်ကြမ်းပစ္စည်းတွေ ကို အဓိက တင်သွင်းတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ရုရှားက သူ့ကုန်သွယ်မှုကို Global South ကို ဦးတည်နေပေမယ့် ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားတို့ကလည်း ဥရောပမှာ ရုရှားရဲ့ အရေးပါဆုံးကုန်သွယ်ဖက်တွေအဖြစ် တည်ရှိနေ တာပါ။

အမေရိကန်ဆီနိတ်တာ Lindsey Graham က ရုရှားရေနံဝယ်တဲ့နိုင်ငံတွေအပေါ် ၅၀၀ ရာခိုင်နှုန်း ထပ်ဆောင်း အခွန် ကောက်ခံဖို့ ဥပဒေကြမ်းတင်သွင်းခဲ့ပေမယ့် ဒါဟာ ဖြစ်နိုင်ခြေမရှိဘူးလို့ ဂျာမန် စီးပွားရေးပညာရှင်တွေက ယူဆပါတယ်။ ရုရှားသမ္မတပူတင်ကတော့ ဒီလိုအခြေအနေတွေကြားမှာ နိုင်ငံရဲ့ စီးပွားရေးစွမ်းဆောင်ရည်တွေကို ချီးကျူးခဲ့ပြီး အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အဆင့်သတ်မှတ်ချက်အရ ရုရှားနိုင်ငံဟာ ဝယ်ယူနိုင်စွမ်းအားညီမျှမှု (PPP)ရဲ့ ကမ္ဘာ့ စတုတ္ထအဆင့်နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။