ပလပ်စတစ်သုံးစွဲမှုကိုလျှော့ချလိုက်တာနဲ့ စီးပွားရေးတိုးတက်မှုရှိလာနိုင်သလို အလုပ်အကိုင်အခွင့်အလမ်းများ စွာလည်း ဖန်တီးပေးနိုင်မှာဖြစ်တယ်လို Environment , Health and Safety Myanmar ( EHS Myanmar ) ရဲ့ Founder & ExecutiveDircector ဒေါက်တာကောင်းထက်စွမ်းက ပြောပါတယ်။ဇွန်လ ၇ ရက်က ပြုလုပ်တဲ့ EHS Myanmar ရဲ့ ပူးပေါင်းအဖြေရှာ မြန်မာ့ပလပ်စတစ်ပြဿနာ နဲ့ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်းဆီသို ဆိုတဲ့ မြန်မာ့ပထမဆုံး Youth Sustainability forum 2025 ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့တာပါ။

ပလပ်စတစ်သုံးစွဲမှုကို လျှော့ချပြီး Recycle စီးပွားရေး ၊ Renew စီးပွားရေးလုပ်ငန်းတွေ နဲ့ စွန့်ပစ်ပစ္စည်း ဈေးကွက် တွေ ပိုမိုအားကောင်းအောင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို ဆိုပါတယ်။ဒေသတွင်းကထွက်ရှိတဲ့ အမှိက်နဲ့ ပလပ်စတစ်တွေအပေါ် အခြေခံပြီး ဒေသခံတွေအတွက် စီးပွားရေးအခွင့် အလမ်းတွေကိုဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းများစွာရှိနေပြီး ဒီအခွင့်အလမ်းတွေကိုသာ အကောင်အထည် ဖော်ဆောင်နိုင်ရင် ကျန်းမာရေးကိုမြှင့်တင်ပေးနိုင်မှာဖြစ်သလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာလည်း အထောက်အကူပြုနိုင်မယ်လို ဆိုပါတယ်။စွန့်ပစ်အမှိက်တွေ ၊ ပလပ်စတစ်သုံးစွဲရေးနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေချမှတ်ထားပေမယ့်လည်း ဒီမူဝါဒတွေ အားကောင်းမှုမရှိသေးသလို ဒေသတွင်းမှာနေ့စဉ်ထွက်ရှိတဲ့ စွန့်ပစ်ပလပ်စတစ်အမှိက်နဲ့ပတ်သက်တဲ့ အခြေခံ အချက်အလက်တွေလည်းမရှိသေးဘူးလို သူကဆက်ပြောပါတယ်။

ဒီလိုအခြေခံအချက်အလက်ရှိမှသာ စွန့်ပစ်ပစ္စည်းဈေးကွက်အားကောင်းလာမှာဖြစ်ပြီး ဒီဈေးကွက်အားကောင်း လာတာနဲ့မျှ ပလပ်စတစ်သုံးစွဲမှုလျှော့ချနိုင်မှာြဖစ်သလို တစ်ဖက်မှာလည်း အသေးစားအငယ်စားအလတ်စား စီးပွားရေးလုပ်ငန်းတွေကိုလည်း ထောက်ပံ့ရာလည်း ရောက်နိုင်တယ်လို ဆိုပါတယ်။ပလပ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုးကျိုးတွေကိုသိကြပေမယ့် အများစုက ထိန်းသိမ်းဖိုကို လိုက်ပါဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းနေကြတဲ့အတွက် အားလုံးပါဝင်ဆောင်ရွက်ကြဖိုလိုအပ်တယ်လို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေက သုံးသပ်ပြောထားကြပါတယ်။