ယူဂန်ဒါနိုင်ငံက အမေရိကန် ဒေါ်လာ ၁၂ ထရီလီယံ တန်ကြေးရှိ ရွှေသတ္တုရိုင်းသိုက် ထုတ်ဖော်ပြသလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ တန်ချိန် ၃၁ သန်းကျော်ရှိတဲ့ ဧရာမရွှေသတ္တုရိုင်းသိုက်တစ်ခုကို တွေ့ရှိထားပြီး အဲဒီသိုက်ကနေ သန့်စင်ပြီး ရွှေတန်ချိန် ၃၂၀,၀၀၀ ကျော်ထွက်ရှိနိုင်မယ်လို့ ယူဂန်ဒါက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ ၁၂ ထရီလီယံတန်ဖိုးရှိတဲ့ ဒီရွှေသတ္တုရိုင်းသိုက် ရှာဖွေတွေ့ရှိမှုက ယူဂန်ဒါကို ကမ္ဘာလုံးဆိုင်ရာ ရွှေထုတ်လုပ်ရေးမှာ အဓိက အရေးပါသူအဖြစ် ရပ်တည်နိုင်မှာဖြစ်တယ်လို့ လေ့လာသူတွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။တူးဖော်တာနဲ့ သန့်စင်တာတွေ အောင်မြင်ရင် ဒီရှာဖွေတွေ့ရှိမှုက ယူဂန်ဒါနိုင်ငံအတွက် စီးပွားရေးကို များစွာ ပြောင်းလဲစေပြီး များပြားလှတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ကာ ကမ္ဘာ့ရွှေဈေးကွက်တွေကို လွှမ်းမိုးနိုင်မှာဖြစ်တယ်လို့လည်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။