ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေကို နိုင်ငံ ကူးလက်မှတ်နဲ့ CI စာအုပ်သက်တမ်းတိုးဖို့ Mobile Team နဲ့ စေလွှတ်လုပ်ဆောင်ပေးသွားမယ်လို့ ဘန်ကောက် မြို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာလုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံအတွင်း နှစ်နှစ်သက်တမ်းရှိတဲ့ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်အတွက် နိုင်ငံကူးလက်မှတ်နဲ့ CI စာအုပ်တွေ သက်တမ်းတိုးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။စက်ရုံ/အလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမယ့်သူ အရေအတွက် ၄၀၀ နဲ့ အထက်ရှိရင် လုပ်ငန်းမရပ်တံ့စေရေးနဲ့ လုပ်သားတွေ နေ့တွက်စရိတ် မဆုံးရှုံးစေရေးကို ရည်ရွယ်ပြီး စက် ရုံး/အလုပ်ရုံနဲ့ လုပ်ငန်းခွင်ကို Mobile Team စေလွှတ်လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လုပ်သားစာရင်းကိုတော့ သတ်မှတ်ပုံစံဖြည့်စွက်ပြီး လုပ်ငန်းခွင်ရဲ့ HR Manager ထောက်ခံချက်နဲ့အတူ မြန်မာ သံရုံး ဒါမှမဟုတ် ကောင်စစ်ဝန်ချုပ်ရုံးတို့ရဲ့ ကောင်စစ်ဌာနကို ဒီဇင်ဘာ ၉ ရက်ကစတင်ပြီး လာရောက်တင်ပြဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

CI စာအုပ်တွေ သက်တမ်းတိုးရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အသိပေး သွားမှာဖြစ်ပြီး စက်ရုံ/အလုပ်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာရှိတဲ့ မြန်မာလုပ်သားတွေအနေနဲ့ လုပ်ငန်းခွင် HR Manager တွေဆီကို ဆက်လက် အသိပေးကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။