အထူးကုန်စည်အမျိုးအစားတွေဖြစ်တဲ့ စီးကရက်၊ ဆေးလိပ်၊ အရက်နဲ့ ဝိုင်အမျိုးမျိုးတိုအပေါ် အခွန်နှုန်းထားတွေ ကို ၂၀၂၅ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေမှာ တိုးမြှင့်သတ်မှတ်ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က စတင်အသက်ဝင်တဲ့ ၂၀၂၅ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေမှာ ၂၀၂၄ ခုနှစ်ကထက် စီးကရက်၊ ဆေးလိပ်၊ အရက်နဲ့ ဝိုင်တွေအပေါ် တန်ဖိုးအဆင့်နဲ့ အခွန်နှုန်းထားတွေ တိုးမြှင့် ပြဋ္ဌာန်းလိုက်တာပါ။

၂၀၂၄ ခုနှစ် ပြည်ထောင်စုအခွန်အကာက်ဥပဒေမှာ ရောင်းဈေးကျပ် ၈၀၀ တန်ဖိုးအဆင့်ရှိ စီးကရက်အလိပ် ၂၀ ပါ တစ်ဘူးမှာ စီးကရက်တစ်လိပ်အတွက် အခွန် ၁၃ ကျပ်၊ ၈၀၁ ကျပ်ကနေ ကျပ် ၁၁၀၀ တန်ဖိုးရှိ စီးကရက် အလိပ် ၂၀ ပါ တစ်ဘူးမှာ တစ်လိပ်ကို အခွန် ၂၆ ကျပ် နဲ့ ၁၁၀၁ ကျပ် အထက် စီးကရက်တစ်ဘူးမှာတော့ တစ်လိပ်ကို အခွန် ၂၉ ကျပ် ပေးဆောင်ဖို သတ်မှတ်ခဲ့တာပါ။အခု၂၀၂၅ ခုနှစ် ပြည်ထောင်စုအခွန်အကာက်ဥပဒေမှာတော့ ရောင်းဈေးကျပ် ၈၀၀ တန်ဖိုးအဆင့်ရှိ စီးကရက် အလိပ် ၂၀ ပါ တစ်ဘူးမှာ စီးကရက်တစ်လိပ်အတွက် အခွန် ၁၄ ကျပ် ၊ ၈၀၁ ကျပ်ကနေ ကျပ်၁၁၀၀ တန်ဖိုးရှိ စီးကရက်အလိပ် ၂၀ ပါ တစ်ဘူးမှာ တစ်လိပ်ကို အခွန် ၂၇ ကျပ် နဲ့ ၁၁၀၁ ကျပ် အထက် စီးကရက်တစ်ဘူးမှာတော့ တစ်လိပ်ကို အခွန် ၃၀ ကျပ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်က ဆေးလိပ်တစ်လိပ်အပေါ် အခွန်နှုန်းထား ၁ ကျပ် သတ်မှတ်ထားရာကနေ ၂၀၂၅ ခုနှစ်မှာ ဆေးလိပ် တစ်လိပ်ကို ၂ ကျပ် တိုးမြှင့်လိုက်တာကို တွေ့ရပါတယ်။အလားတူ အထူးကုန်စည်တစ်ရပ်ဖြစ်တဲ့ အရက်အမျိုးမျိုးရဲ့ တန်ဖိုးအဆင့်သတ်မှတ်ချက်တွေကိုလည်း တိုးမြှင့် ထားပြီး တန်ဖိုးအဆင့်ဆင့်အလိုက် အရက်အမျိုးမျိုး တစ်လီတာကို အနည်းဆုံး ကျပ် ၂၀ ကျော်ကနေ အများဆုံး ကျပ် ၅၈၀ ကျော်အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ဝိုင်အမျိုးမျိုး အပေါ်မှာလည်း တန်ဖိုးသတ်မှတ်ချက်တွေ တိုးမြှင့်ထားပြီး တန်ဖိုးအဆင့်ဆင့်အလိုက် ဝိုင်အမျိုးမျိုး တစ်လီတာကို အနည်းဆုံး ကျပ် ၃၀ ကျော်ကနေ အများဆုံး ကျပ် ၆၂၀ ကျော်အထိ တိုးမြှင့်လိုက်ပါတယ်။အထူးကုန်စည်တွေထဲက သမဝါယမကဏ္ဍနဲ့ ပုဂ္ဂလိကကဏ္ဍတွေက ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချတဲ့ ဆေးရွက် ကြီး၊ ဆေးပေါ့လိပ်နဲ့ ဆေးပြင်းလိပ်တွေအပေါ် တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေ ကျပ်သိန်း ၂၀၀ ထက် မပိုရင် အထူးကုန်စည်ခွန် မစည်းကြပ်ဘူးလို ဖော်ပြထားပါတယ်။