စွမ်းအင်ကဏ္ဍနဲ့ တခြားအပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းစေမယ့် နယ်ပယ်ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ရေး အတွက် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စု၊ သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဇွန်လ ၁၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွား များပြည်ထောင်စု၊ သံအမတ်ကြီးကို လက်ခံတွေ့ဆုံရာမှာ ထည့်သွင်းဆွေးနွေးခဲ့တာပါ။ အဲဒီလို တွေ့ဆုံဆွေးနွေး ရာမှာ စွမ်းအင်ကဏ္ဍနဲ့ အခြား အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းစေမယ့် နယ်ပယ်တွေမှာ ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းတွေ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊၊ဒါ့အပြင် နှစ်နိုင်ငံအခြေစိုက် သံရုံးတွေ ဖွင့်လှစ်ဖို့ ဆောင်ရွက်နေမှုအပါအဝင်၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မာလာစေဖို့ ပူးပေါင်းဆောင်ရွက်သွားရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး စတာ တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊၊