ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ စာချုပ်ချုပ်ဆိုပြီး အလုပ်သမားတွေကို စေ လွှတ်ပြီးမှသာ နောက်ထပ် အလုပ်ခေါ်စာ တင်ခွင့်ပြုမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင် မှု လုပ်ငန်းရှင်များအသင်း(MOEAA)က သိရပါတယ်။

ပြည်ပအေဂျင်စီတွေက နိုင်ငံအလိုက် အလုပ်သမားစေလွှတ်ခွင့် တင်ပြရာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်မတိုင်မီ ထိုင်းနိုင်ငံအတွက် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ချုပ်ဆိုပြီးတဲ့ အလုပ်သမားတွေနဲ့ အခြားနိုင်ငံတွေ က အလုပ်ခေါ်စာတွေအတွက် စေလွှတ်ခွင့်တွေ ဆောင်ရွက်ပေးမှာဖြစ်ပြီး အဲဒီစေလွှတ်ဖို့ ကျန်တဲ့ အလုပ်သမား တွေကို သက်ဆိုင်ရာ နိုင်ငံအလိုက် စေလွှတ်ပြီးမှသာ Demand Letter အသစ်တင်ပြတာကို ခွင့်ပြုသွားမှာ ဖြစ် တယ်လို့ ဆိုပါတယ်။သက်ဆိုင်ရာ နိုင်ငံအလိုက် စေလွှတ်ဖို့ ကျန်ရှိတဲ့ အလုပ်သမားတွေကို စေလွှတ်ပြီးစီးရင် သက်ဆိုင်ရာ နိုင်ငံ အလိုက် အလုပ်ခေါ်စာ အသစ်တင်ပြနိုင်ပြီ ဖြစ်ကြောင်းကိုလည်း အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ MOEAA က သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နောက်ပိုင်း ဦးစီးဌာနကို တင်ပြခဲ့တဲ့ အလုပ်ခေါ်စာတွေနဲ့ပတ်သက်လို့ အေဂျင်စီတစ်ခုလျှင် တင်ပြရမယ့် ကန့်သတ်လူဦးရေ စာရင်းကိုလည်း ထပ်မံအကြောင်းကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ သက်ဆိုင်ရာ နိုင်ငံအလိုက် အလုပ်သမားစေလွှတ်တင်ပြမှုတွေနဲ့ အလုပ်သမားစေလွှတ်ခွင့် ကန့်သတ်လူဦးရေ စာရင်းကိုတော့ မကြာမီ ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA)က တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။ပြည်ပမှာ အလုပ်သွားလုပ်ဖို့အတွက် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးတာ ကို ခေတ္တရပ်ဆိုင်းထားရာကနေ မတ်လ ၂၀ ရက်ကစပြီး ပြန်ထုတ်ပေးတော့မယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။