ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စက်မှုကဏ္ဍမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂ ခု ကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(YRIC) အတည်ပြုပေးလိုက်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ ၄ /၂၀၂၅ ကြိမ်မြာက် အစည်းအဝေးမှာ အဲဒီလုပ်ငန်း သစ် ၂ ခုကို အတည်ပြုပေးလိုက်တာပါ။

စက်မှုကဏ္ဍမှာ ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုတို့ကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလုပ်ငန်း ၂ ခုဟာ ပြည်ပကို ၂၀ ရာခိုင်နှုန်းတင်ပို့ပြီး ပြည်တွင်းမှာ ၈၀ ရာခိုင်နှုန်းရောင်းချမယ့် သစ်အခြေခံ သစ်သားပြားအမျိုးမျိုး၊ ပရိဘောဂအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချတဲ့လုပ်ငန်းနဲ့ CMP စနစ်နဲ့ အထည်အမျိုးမျိုးချုပ်လုပ်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ဒီလုပ်ငန်းတွေရဲ့ မတည်ငွေရင်းပမာဏက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၇ သန်း ဖြစ်ပြီး အဲဒီလုပ်ငန်း တွေကနေ ပြည်တွင်းမှာ လုပ်သား ၁၀၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေး နိုင်မယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးမှာ ရင်းနှီးမြှုပ်နှံမှု မတည်ငွေရင်း တိုးမြှင့် တဲ့ ကုမ္ပဏီ ၃ ခုနဲ့ အထွေထွေကိစ္စရပ်တင်ပြတဲ့ ကုမ္ပဏီ ၁၂ ရဲ့ တင်ပြချက်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ တယ်လို့ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အခုထပ်မံ ခွင့်ပြုပေးလိုက်တဲ့ လုပ်ငန်း ၂ ခုအပါအဝင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုစုပေါင်း ၉ ခု ဝင်ရောက်ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ပါတယ်။