ငှက်ပျောပင်စည်ကနေ ထုတ်ယူရရှိတဲ့ ချည်တွေနဲ့ အဝတ်အထည်တွေအပြင် အခြားထုတ်ကုန်တွေကို ပြည်တွင်း သာမက ပြည်ပနိုင်ငံတွေအထိကို ရောင်းချနိုင်ဖို့ ရည်ရွယ်ထားသလို နိုင်ငံတော်အကြီးအကဲကလည်း အားပေးပြီး လိုအပ်တာတွေကို ပံ့ပေးသွားမှာဖြစ်တယ်လို့ Green Banana Myanmar မှ ဈေးကွက်မြှင့်တင်ရေးနှင့် အရောင်း တာဝန်ခံ ဒေါ်သီတာဇော်မင်းက ပြောပါတယ်။

လက်ရှိမှာ ငှက်ပျောပင်စည်ကနေ ထုတ်ယူရရှိတဲ့ချည်တွေကို ပြည်တွင်းမှာပဲ ကုန်ကြမ်းကနေ ကုန်ချောအဆင့် အထိ အဆင့်ဆင့်ထုတ်လုပ်နေတာကြောင့် ဒီလုပ်ငန်းဟာ နိုင်ငံတော်အတွက်အကျိုးရှိနိုင်သလို တစ်ဦးချင်း အတွက် ဝင်ငွေရလမ်းကော အလုပ်အကိုင်အခွင့်အလမ်းတွေပါ ရရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာ ငှက်ပျောပင်စည်ကနေ ချည်ထုတ်လုပ်နိုင်ပြီး ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းနဲ့ဝင်ငွေတွေ ရရှိလာနိုင်အောင် တိုင်းနဲ့ပြည်နယ်အတော်များများမှာ သင်တန်းပေးတာ၊ နည်းပညာတွေပေးတာနဲ့ ကုန်ကြမ်း တွေကို ပြန်လည်ဝယ်ယူပေးတာတွေကိုလည်း တစ်ဖက်တစ်လမ်းက လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ငှက်ပျောပင်ကနေ ငှက်ပျောသီးဆွတ်ခူးဖို့၊ မုန့်ဟင်းခါးချက်ဖို့ အစရှိတာတွေကိုသာ အများအားဖြင့် လုပ်ဆောင် လေ့ရှိကြပြီး ကျန်တာတွေက အလေ့အလွင့် ဖြစ်သွားနိုင်တာကြောင့် ကျန်ရှိတဲ့ပင်စည်ကနေ ချည်ထည်တွေ အပြင် တန်ဖိုးမြင့်ထုတ်ကုန်တွေထုတ်ပြီး အလုပ်အကိုင်အခွင့်အလမ်းနဲ့ဝင်ငွေရလမ်းတွေကို ဖော်ဆောင် ပေးနိုင်တာကိုလည်း အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။လက်ရှိမှာ ငှက်ပျောပင်စည်ကနေ ထုတ်ယူရရှိတဲ့ချည်တွေနဲ့ အဝတ်အထည်တွေနဲ့ အခြားထုတ်ကုန်တွေကို ပြည်တွင်းဈေးကွက်သာမက ပြည်ပနိုင်ငံတွေအထိ ထိုးဖောက်နိုင်ဖို့ လုပ်ဆောင်နေသလို နိုင်ငံတကာ ပြပွဲ တွေမှာလည်း သွားရောက်ပြသနေတယ်လို့ သိပါတယ်။