ဂျပန်ရဲ့ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ရေထွက်ကုန်နဲ့ တခြားစားသောက်ကုန်တွေရဲ့ တင်ပို့မှုတန်ဖိုးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ စံချိန်တင် မြင့်မားလာခဲ့တယ်လို့ NHK သတင်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဂျပန် ဟင်းလျာတွေကို လူကြိုက်များလာတာက အဓိကအကြောင်းရင်းဖြစ်ပြီး တင်ပို့မှုတန်ဖိုးဟာ ပထမဆုံးအကြိမ် အဖြစ် ယန်းငွေ ၁ ဒသမ ၅ ထရီလီယံကျော် တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇ ဘီလီယံနီးပါး ရရှိခဲ့တယ်လို ရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဂျပန်ရဲ့ စားသောက်ကုန်တင်ပို့မှုဟာ လတ်တ လောနှစ်တွေအတွင်းမှာ အလွန်မြင့်တက်လာနေပြီး ဆန်၊ လက်ဖက်စိမ်းရေနွေးကြမ်းနဲ့ အမဲသား တင်ပို့မှုတွေ လည်း တိုးလာခဲ့ပါတယ်။ ဂျပန်ပင်လယ်ထွက်ကုန်တင်သွင်းမှုအပေါ် ကန့်သတ်ချက်တွေ ချမှတ်ထားတဲ့ တရုတ်ကို တင်ပို့တဲ့ ပမာဏကတော့ ကျဆင်းခဲ့ပေမဲ့ အမေရိကန်နဲ့ တရုတ်(တိုင်ပေ)ကို တင်ပို့မှုကတော့ တိုးလာခဲ့ပါတယ်။

ဂျပန်အစိုးရဟာ ၂၀၃၀ ပြည့်နှစ်မှာ စားသောက်ကုန်တင်ပို့မှုတန်ဖိုးကို ယန်း ၅ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံလောက်အထိ တိုးမြှင့်နိုင်ဖို့ ရည်မှန်းထားပါတယ်။ အစိုးရအရာရှိတွေဟာ ဂျပန်ဟင်းလျာတွေကို ကမ္ဘာတစ်ဝန်းမှာ ပိုပြီး လူကြိုက်များလာအောင် ဆောင်ရွက်ရင်း တရုတ်အစိုးရဘက်က ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလာအောင် ဆက်လက်တောင်းဆိုဖို့ စီစဉ်ထားပါတယ်။